Chapter(56) - လျှို့ဝှက်ချက်

Start from the beginning
                                    

သူနည်းနည်း မနာလိုနေတာ ဖြစ်လိမ့်မယ်။ သူနဲ့ ရန်ကျင်းတို့က အခုမှ တရားဝင် ဆက်ဆံရေးတစ်ခု ထူထောင်ထားကြတာကို သံပရာသီးကြီးကြီး အနည်းငယ်လောက်နဲ့ ရောနှောထားတဲ့ ရှာလကာရည်ရဲ့ ချဉ်စူးစူး အရသာကို မြည်းစမ်းဘူးသွားပြီ

ရန့်ရှန်၏ ပေါက်ကွဲ ထွက်မှုကြောင့် ပတ်ဝန်းကျင် တစ်ခုလုံးက မိစ္ဆာများအတွက် ထူးခြားသည့် ညှီနံ့များ ရှိနေသည်။ အနံ့က ရွံ့ရှာစရာပင်။ ရှန်ကျစ်ရှန်းက သူ့မျက်လုံးများကို မှိတ်လိုက်ပြီး စိတ်အေးလက်အေး ဖြစ်ချင်ယောင် ဆောင်ကာ ပြောလာသည်။

"ဒီနေရာမှာ အနံ့ဆိုးတယ်, နေရာပြောင်းကြရအောင်"

ရန်ကျင်းက တိတ်တဆိတ်သာ ပြန်ဖြေလာသည်။

"အင်း"

သူတို့က ဦးတည်ရာလမ်းကြောင်းကို တမင်တကာ ရွေးချယ် မနေပဲ လျှောက်လှမ်းရမည့်လမ်းကို ကျပန်းရွေးချယ်ခဲ့ကြသည်။ ခဏလောက် လမ်းလျှောက်ပြီးနောက်မှာတော့ တောင်ကုန်းလေးတခုကို ရောက်သွားကြ၏။

တောင်ကုန်းပေါ်ရှိ အမြင့်ဆုံးနေရာ၌ ရှန်ကျစ်ရှန်းသည် တင်ပျဉ်ခွေထိုင်လိုက်သည်။ 

"ဒီမှာ ရပ်ရအောင်"

ညခြမ်း အချိန်အခါက တော်တော်လေး သာယာလှသည်။ ကောင်းကင်ပေါ်မှာ လဝန်းက တောက်ပနေပြီး ကြယ်လေးများက တစ်လက်လက်နဲ့ တောက်ပကာ လေနုအေးလေးများ တိုက်ခတ်နေသည်မှာ တောင်ကုန်းပေါ်က မြက်ခင်းပြင်များအား ယိမ်းနွဲ့နေစေသည်ပင်

ရန်ကျင်းက ရှန်ကျစ်ရှန်း နံဘေးတွင် တိတ်တဆိတ်ထိုင်လိုက်သည်။

ရှန်ကျစ်ရှန်းက စကားစလိုက်၏။

"တကယ်တော့ ချင်းယွင်ဂိုဏ်းမှာကတည်းက ဒီလိုမျိုး ချောက်ကမ်းပါးနားမှာ ထိုင်ချင်ခဲ့တာ"

သူက နူးညံ့သိမ်မွေ့စွာ ပြုံးပြီး ပေါ့ပေါ့ပါးပါး ပြောလိုက်သည်

 " ကံမကောင်းစွာပဲ၊ အောက်ခြေမရှိတဲ့ ချောက်ကမ်းပါးကို ငုံ့ကြည့်မိတိုင်း ငိုရလောက်အောင် ကြောက်လန့်နေခဲ့တယ်။ ဆရာတစ်ယောက်ရဲ့ ဂုဏ်သိက္ခာကို ဆုံးရှုံးမှာ ကြောက်လို့ မင်းကို မခေါ်ရဲခဲ့ဘူး"

(Completed) ဆရာဖြစ်ရတာမလွယ်ဘူး (ဆရာျဖစ္ရတာမလြယ္ဘူး)Where stories live. Discover now