၅၁..ထိန်းချုပ်နိုင်ခဲ့ခြင်း

Start from the beginning
                                    

“ဒါက..သူတို့တွေပြောနေကြတယ့်မိခင်မေတ္တာများလား"

"မယ်တော်"

ခမည်းတော်ဧကရာဇ်ကမယ်တော်ကို အအေးနန်းဆောင်ကိုပို့လိုက်တော့နောက်ဆုံးတွင်မနာကျင်ရတော့ပေ၊မယ်တော်ရဲ့စွတ်ပြုတ်မစားရတော့တယ့်နောက်အကျိုးဆက်က မင်းသားတစ်ပါးအဖြစ် ခေါင်းစဉ်တပ်ခံလိုက်ရပြီဖြစ်သည်။

"သူ့မိခင်အရင်းက သူ့ကိုအဆိပ်ခတ်တာတဲ့"လီဟန်ဖြတ်သွားတိုင်း နန်းတော်ကအစေခံတွေရဲ့တီးတိုးသံများကိုကြားနေရသည်။

"ဒါကမမြင်နိုင်တဲ့မင်းသားလား,အဲဒီငါးသေလိုမျက်လုံးတွေကိုကြည့်ပါအုန်း"

"အရူး,သူ့အတွက်စိတ်မကောင်းဖြစ်မနေနဲ့၊သူကငါတို့ထက်ပိုကောင်းတဲ့သူမဟုတ်လို့သူ့ကို သနားဖို့အခွင့်အရေးပေးစရာမလိုဘူး၊အာ မဟုတ်သေးဘူး,သူက ငါတို့လိုအစေခံတွေထက်ပိုဆိုးတဲ့အခြေအနေမှာရှိနေတာပဲ"

မိခင်အရင်းရောဖခင်ကပါသူ့ကိုဂရုမစိုက်ခဲ့ပေ;အဲ့ဒီတော့ဒီအစေခံတွေအကုန်လုံးကငါ့ကိုသာသတိထားမိပေးရင်သူတို့ကိုကျေးဇူးတင်နေလိမ့်မယ်လို့ထင်နေကြတာလား?

သူ့ရဲ့ကိုယ်ထဲမှာသေစေနိုင်တဲ့အဆိပ်တွေရှိတယ်လို့ပြောနေကြပေမယ့်သူတို့သူ့မိခင်အကြောင်းမပြော‌သ၍လီဟန်စိတ်ထဲမထားတတ်ပေ။

နှစ်အတော်ကြာခဲ့ပြီ၊အိပ်ပျော်ပြီးဆာလောင်စွာ နိုးထလာရတာလည်းကျင့်သားရနေပြီဖြစ်သည်၊ တစ်ချို့ရက်တွေမှာဆို,မူးပါလဲသွားတတ်သည်။

ဒါပေမယ့်လီဟန်ငြင်းခဲ့သည်၊သူသေဖို့ကိုငြင်းဆန်ခဲ့သည်။

သူတောင်းစားထက် ဆင်းရဲရင်တောင်, အကျဉ်းသားထက်စက်စုပ်စရာကောင်းနေရင်တောင်၊မိဘမဲ့တွေထက်ကံမကောင်းရင်တောင်၊ခွေးလေခွေးလွင့်တွေထက်ပိုသနားစရာကောင်းနေရင်တောင်..ငါအသက်ရှင်ချင်တယ်။

"သူ့ကိုလျစ်လျူရှုလိုက်၊မင်းမှာအိမ်ရှေ့စံမင်းသားကိုစော်ကားဖို့အကြံရှိနေတယ်မလား?သူနဲ့ ဝေးဝေးနေရအောင်မဟုတ်ရင်ငါတို့ပါလာငြိနေလိမ့်မယ်"

ကျိုးပဲ့ဟောင်းနွမ်းနေတယ့်နန်းဆောင်ထဲမှာနေရတာကြောင့်သူဆောင်ရာသီကိုမုန်းသည်၊ဆောင်းရာသီမှာဆိုစားစရာကလွဲရင်အိမ်ရှေ့စံမင်းသားဆီမီးသွေးခဲနဲ့စောင်တွေတောင်းဆိုဖို့လိုအပ်သည်၊သို့သော်အင်ပါယာမိသားစုကိုစီမံပေးရတယ့်ဌာနကလျစ်လျူရှုခံထားရတဲ့မင်းသားထံသို့ပစ္စည်းအနည်းငယ်သာပို့ပေးကြ၏၊ထို့‌ကြောင့်နန်းဆောင်ရှေ့ကဇီးပန်းပင်တွေကိုခုတ်ထစ်ပြီးဆောင်းတွင်းကိုအံတုခဲ့ရသည်။

Villainess Series 1 : အဓိကဇာတ်ဆောင်အားအနိုင်ကျင့်ခြင်းWhere stories live. Discover now