၁..Transmigration

14.8K 644 5
                                    

[Unicode]

လွန်ခဲ့တဲ့ နှစ်နှစ်လောက်က သူမကသာမန်ရုံးဝန်ထမ်းတစ်ယောက်ပါ၊ဒါပေမယ့် တစ်နေ့မှာတော့ တရုတ်ရှေးခေတ်ဝတ်စုံဝတ်ထားရင်း ရှေးကျတဲ့ကုတင်တစ်ခုပေါ်မှာနိုးလာခဲ့တယ်။

လအနည်းငယ်ကြာသည်ထိကို၊အိပ်မက်ဆိုးထဲမှာ အသက်ရှင်နေရသလိုပင် ခံစားခဲ့ရပြီးညတိုင်း
အိပ်ရင်း ငိုခဲ့ရတယ်၊သူမအတွက် ဖြစ်ပျက်ခဲ့တာတွေက မဖြစ်နိုင်သလိုရယ်စရာကောင်းနေခဲ့ခြင်းကြောင့်သာဖြစ်သည်၊ဒီအရာတွေကိုအရင်ကလို သူမအစ်မတွေ ဖန်တီးခဲ့တဲ့နောက်ပြောင်မှုတစ်ခုသာဖြစ်‌လိုက်စေချင်သည်။

"သခင်မလေး,မင်းသမီးက သခင်မလေးကို နန်းတော်ဆီလာခဲ့ဖို့အခေါ်တော်လွှတ်လိုက်ပါတယ်"

ကျင်းအာက ဒီခန္တာကိုယ်ရဲ့သစ္စာရှိအ‌စေခံမလေးပါ,သူမကတော့ စာကိုကျွန်မရှေ့မှာလာပြနေပေမယ့် သူမဆီကစာကိုဖတ်ဖို့စိတ်မ၀င်စားဘဲ သောက်လက်စလက်ဖက်ရည်ကိုသာဆက်သောက်နေမိတယ်။

ကျွန်မသူငယ်ချင်းက ဖတ်‌ဖို့ပြောထားတဲ့ "ဧကရာဇ် နဲ့ ကျွန်မ" လို့ ခေါ်တဲ့အချစ်ဝတ္ထုတစ်ပုဒ်ထဲကို ဝိညဉ်ကူးပြောင်းလာခဲ့တယ်။ဇာတ်လမ်း ဇာတ်ကွက်ကသိပ်မထူးခြားပေမယ့်web appမှာတော့စာဖတ်သူပေါင်းသိန်းနဲ့ချီရှိတယ်။

ချူအင်ပါယာကို သိမ်းပိုက်ပြီးနောက် အမျိုးသားဇာတ်ဆောင်က အမျိုးသမီးဇာတ်ဆောင်နှင့်တွေ့ပြီး မြင်မြင်ချင်းချစ်မိသွားခဲ့တယ်၊အဲဒါက psychomasochistic အချစ်ဇာတ်လမ်းမျိုးပါပဲ။

လီဟန်;အမျိုးသားဇာတ်‌ဆောင် လီအင်ပါယာ၏စတုတ္ထမင်းသားတစ်ယောက်၊ရန်သူ့မင်းသမီးချူဝမ်ဝမ်,အမျိုးသမီးဇာတ်ဆောင်,ချူအင်ပါယာ၏ဒုတိယမြောက်မင်းသမီး၊ အကျဉ်းသားတစ်‌ယောက်ဖြစ်ပေမဲ့လို့ စတုတ္ထမင်းသားရဲ့အကာအကွယ်အောက်မှာ မင်းသမီး ၀မ်ဝမ်ဟာ နန်းတော်အတွင်းသက်တောင့်သက်သာနေထိုင်ခဲ့ရတယ်။အဲ့ဒါကြောင့်နဲ့ပဲအင်ပါယာတစ်ခုလုံးမှာကောလဟာလတွေလည်း အများကြီးဖြစ်စေခဲ့တယ်။

အဆုံးမှာတော့ လီဟန်ကဧကရာဇ်တစ်ပါးဖြစ်လာပြီး ချူဝမ်ဝမ်ကိုလည်းဧကရီအဖြစ် သရဖူဆောင်း‌စေခဲ့တယ်။

Villainess Series 1 : အဓိကဇာတ်ဆောင်အားအနိုင်ကျင့်ခြင်းWhere stories live. Discover now