၉..ဖရိုဖရဲဖြစ်လာခြင်း

4.2K 444 4
                                    

[Unicode]

စုရှင်းမိဘတွေအနားမှာ ငြိမ်ငြိမ်လေးထိုင်နေလိုက်သည်၊ဒီကမ္ဘာမှာ ငါးနှစ်၊ပိုင်စုရှင်းအဖြစ် ဖြစ်တည်လာတာ ငါးနှစ်ရှိပြီဖြစ်သည်။

ပိုင်မိသားစုက ကျွန်မနဲ့သူတို့ရဲ့သမီးအစစ်ကြားက ကွာခြားချက်ကိုတောင်သတိမထားမိခဲ့ကြဘူး။လက်ရေးလှ၊ ဂီတ၊ အက ၊ ကဗျာ ၊အဲ့တာတွေနဲ့ ပတ်သက်လာရင်ကျွန်မရဲ့ အရည်အချင်းကနိုဗယ်ထဲက ပိုင်စုရှင်းထက်ကိုအရမ်းနိမ့်သည်။

နောက်ဆုံးတော့ အဓိက‌ဇာတ်ဆောင်မင်းသား နှင့်အဓိကဇာတ်ဆောင်မင်းသမီးတို့အတူထိုင်နေကြပြီဖြစ်သည်၊သူတို့ဖန်တွေအတွက်တော့ ပြီးပြည့်စုံတဲ့ပုံရိပ်လေးပေါ့။

သူမသူတို့ကိုမကြည့်ဖို့ကြိုးစားလိုက်သည်၊ဒီနေ့တော့ ပိုင်စုရှင်းဇာတ်ကွက်မပါသေးပေ။ဘာဖြစ်လို့လဲဆိုတော့ဒီနေ့က ပိုင်စုရှင်းအဓိကဇာတ်ဆောင်မင်းသမီးကိုမနာလိုဖြစ်နေရုံဖို့ပဲဖြစ်သည်။

ဧကရာဇ်သည် ရန်သူ့မင်းသမီးချူ၀မ်၀မ်အား စားသောက်ပွဲအတွင်း ကပြဖျော်ဖြေရန်အမိန့်ပေးလိုက်သည်။

ပိုင်စုရှင်း ပါးစပ် မသိစိတ်ကပွင့်ဟသွားသည်'ငါ့မှာ ကင်မရာတစ်လုံးလောက်သာရှိရင်‌ကောင်းမယ်'

အံ့သြစရာတော့မဟုတ်ပါ,ချူ၀မ်၀မ်သည် ချူအင်ပါယာ၏ အလွန်ထူးချွန်သောအကသမားတစ်ဦးအဖြစ်လူသိများကျော်ကြားသူဖြစ်သည်။

ချူ၀မ်၀မ်သည် သူမ၏ သိမ်မွေ့သောဆွဲဆောင်မှုရှိသောအကြည့်တို့ဖြင့် လူထုကို ဆွဲဆောင်လိုက်သည်။သူမ၏ နှုတ်ခမ်းထောင့်သည်လည်း အနည်းငယ် ကြွတက်လာကာမာနကြီးပုံဖော်ပြလိုက်သည်။

သူမ၏ ဇီးသီးပွင့်မှုတ်သွင်းထားသောတရုတ်ဝတ်စုံသည် စင်မြင့်ထက်၍ပျံ့လွင့်နေသည်။လှုပ်ရှားမှုတိုင်းသည် အသက်၀င်ကာလှပလွန်းသည်၊ထက်မြက်သော်လည်း နူးညံ့နေသည်၊ကိုယ်ခန္ဓာသည်လည်း ထိန်းချုပ်ခံထားရသလို ဟန်ချက်ညီလှသည်။

ချူ၀မ်၀မ်၏ ဓားအကသည်အမှန်တစ်ကယ် မှော်ဆန်ပြီးဆွဲဆောင်မှုရှိ၏။

ဖျော်ဖြေပွဲအပြီးတွင် လူတိုင်းသည်ပြုံးကာလက်ခုပ်သံများထွက်ပေါ်လာတော့သည်။အားလုံးသည်လည်း ချီးကျူးနေဟန်ဖြင့်။ဧကရာဇ်သည် ချူ၀မ်၀မ်အား ဆုချီးမြှင့်လိုက်သည်၊ထိုဆုသည် အကျဉ်းသားမင်းသမီးဖြစ်သော်လည်း လက်ရှိဘုရင်၏တော်ဝင်အဆင့်အတန်းကို ကိုယ်စားပြုသည့် ကျောက်စိမ်းဆံထိုးပင်ဖြစ်သည်။

Villainess Series 1 : အဓိကဇာတ်ဆောင်အားအနိုင်ကျင့်ခြင်းWhere stories live. Discover now