၂၈..အကြံပေးခြင်း

3.8K 375 4
                                    

[Unicode]


'ဗီလိန်ကောင်...ဒီဗီလိန်ကောင်စုတ်တော့'

စုရှင်းမျက်လုံးသည် သူ့မျက်နှာပေါ်တွင်ရှိနေသေးသည်၊ထို့နောက် သူမသေချာမှတ်ချက်ချလိုက်သည်;ဒီလူကအားကစားသမားတွေလိုခန္ဓာကိုယ်ရှိတာပဲ။စက္ကန့်ပိုင်းအကြာတွင် သူမ ကလစ်ဆိုတယ့်အသံကိုကြားလိုက်ရပြီးခေါင်းထဲသို့သွေးများပင် စီးကျလာသလိုခံစားလိုက်ရသည်(*ဆိုလိုတာက စုရှင်းကလီနင်မျက်နှာကိုကြည့်ပြီး ဘယ်သူဆိုတာပြန်အမှတ်ရလာတာပါ)

(ကျေးဇူးပြုပြီး သတိပြုချက်-နောက်စကားလုံးများတွင် ကျိန်ဆဲခြင်းများပါရှိသည်)
'ဒီမေ***!၊သူတောင်း***!၊ခွေး***! Stup*beep*beep*beep***!_, တစ်ယောက်ယောက်, မြန်မြန် ၊ငါ့ကို သေနတ်တစ်လက်လောက်ပေးကြစမ်းပါ!

လီနင်ကထိုနေ့ကဓါးပြခေါင်းဆောင်ဖြစ်သည်၊ မဟုတ်ဘူး၊သူက ဓားပြအတုပဲ၊အဲ့ဒီနေ့ကသူမစကတ်တွေညစ်ပတ်ကုန်တာပြန်တွေးမိသွားသောနှာခေါင်းရှုံ့ကာဒေါသထွက်နေသည်၊သူမသူ့ကို ကျွဲတွေလိုသဲကြီးမဲကြီးသာရိုက်ပုတ်ပလိုက်ချင်သည်။

'ဒီလိုဆိုက်ကိုကောင်နဲ့ငါဘယ်လိုလုပ်စောစောစီးစီးပက်သက်မိသွားရတာလဲ?'*ငိုနေခြင်း*'ဒီဗီလိန်မလေးငါကအရမ်းသနားဖို့ကောင်းတာပဲ!'

သူကငါ့ကို ပြန်ပေးဆွဲဖို့ကြိုးစားခဲ့တာလား? ဆိုလိုတာကကွာ..ဘာလို့ငါလဲ?ငါက အဓိကဇာတ်ဆောင်မင်းသမီးလည်းမဟုတ်ဘူးလေ။ဒါပေမယ့်စုရှင်း သူ့ကိုမေးလိုက်တော့ပဟေဠိဆန်ဆန်ပြန်ဖြေလိုက်သည်"အို,ငါကအချက်အလက်တွေစုဆောင်းတာပါ"

ငါ့ကို...မျက်ခွက်လာပြောင်နေတာလား?! "အချက်အလက်..?"သူမဒေါသတကြီးဖြင့် သူမလက်ကိုသူ့ဆီကနေ ပြန်ဆွဲထုတ်လိုက်သည်။

"စိတ်ဆိုးသွားတာလား?"လီနင်ကရီမောကာပြောလိုက်သည်။

"မလုပ်ဝံ့ပါဘူး"

'အာ့!တစ်ချက်လောက်ပဲ.. သူ့ကိုလက်သီးနဲ့ထိုးချင်လိုက်တာ!တစ်ချက်လောက်ထိုးခွင့်ပေးကြပါ!'

"နောက်တစ်ခေါက်တော့ အဲ့လိုမလုပ်ဖို့မျှော်လင့်ပါတယ်,မင်းသား"

လီနင်က ဒူးထောက်‌နေရာမှမတ်တပ်ထရလိုက်ပြီး"ဒါပေမယ့်..အဲ့လိုကြည့်ရတာ စိတ်ဝင်စားဖို့ကောင်းတယ်,သခင်မလေးရဲ့၊အဲ့တုန်းကလီဟန်ကစိတ်‌တွေတောင်လွတ်ပြီးမိန်းမတစ်ယောက်ကိုစိတ်ပူနေတာ..ရှားရှားပါးပါးမြင်ကွင်းလေးပဲ"လီနင်ကသူ့ပါးစပ်ကိုလက်ဖြင့်အုပ်ကာ ပုန်းလျှိုးကွက်လျှိုးကြိတ်ရီနေသည်။

Villainess Series 1 : အဓိကဇာတ်ဆောင်အားအနိုင်ကျင့်ခြင်းTempat cerita menjadi hidup. Temukan sekarang