၆..အပြစ်ရှိခြင်း

4K 386 2
                                    

[Unicode]

"အမေ့ကို လိုချင်တယ်၊အမေ,အမေ"

"အဒေါ်က ကျွန်မအမေမဟုတ်ဘူး"

"ရှင်းအာ အမေပါ၊သမီးရဲ့အမေရောက်နေပြီလေ"

"အဒေါ်ကကျွန်မအမေ မဟုတ်ဘူး၊ကျွန်မအမေကို လိုချင်တယ်၊‌အမေ၊အမေ၊သမီး‌ကြောက်တယ်"

သူမမူးဝေစွာလန့်နိုးလာသည်၊ခန္ဓာကိုယ်က အားနည်းနေပြီးဗိုက်မှတစ်ကွီကွီမြည်နေ၏။

'ဒါဆို.. ငါခန့်မှန်းသလိုတကယ်ဖျားနေပြီပဲ၊ အာ!ခံစားချက်မှမကောင်းပါဘူးဆို'

ကျင်းအာသည်လှုပ်ရှားမှုသေးသေးလေးကိုသတိပြုမိသောအခါသူမ‌ဆီသို့ပြေးလာလိုက်သည်၊ကျင်းအာသည်သူမ၏သခင်မ‌လေးကိုအလွန်အမင်းစိုးရိမ်နေ၍‌တရပ်စပ်မေးခွန်းများမေးလေတော့သည် - ဘယ်နေရာနေမကောင်းဖြစ်နေသေးလဲ၊ဘာလိုအပ်သေးလဲ၊ဘာစားချင်သေးလဲမေးနေလေသည်၊သူမဟာတကယ့်ကိုနွေးထွေးသည်။

ကျင်းအာကသူမကိုယာဂုပေးလိုက်သည်၊အဖျားကရှိနေသေးလို့နည်းနည်းသာစားနိုင်သည်။

မိနစ်အကြာတွင် ပိုင်မဲ့လီရောက်လာသည်၊ပိုင်မဲ့လီရဲ့ လုပ်ရပ်တွေကသူမကိုလွှမ်းမိုးနေသေးသည်။

"ကျင်းအာနင်ဘာလို့ကြက်သားဖတ်တွေဒီထဲထည့်ထားဝာာလဲ?နင်ဘယ်လိုအစေခံမျိုးလဲ?သခင်ကဘာကြိုက်တယ်ဘာမကြိုက်ဘူးဆိုတာမသိဘူးလား?ရှင်းအာကကြက်သားဆိုအရမ်းမုန်းတာ"

ကျင်းအာကအမြန်ဒူးထောက်ပြီးခွင့်လွှတ်ပေးဖို့ တောင်းဆိုလိုက်သည်၊ကျင်းအာသည်သူမဘ၀အတွက်ဒူးထောက်ကာကြမ်းပြင်ပေါ်သို့ခေါင်းနှင့်အခါခါတိုက်နေတော့သည်၊ဒီအသက်သုံးဆယ်အရွယ်လှပတယ့်အမျိုးသမီးသည်ရက်စက်ပြီးသနားညှာတာမှုကင်းမဲ့သည်၊အကြောင်းပြချက်သေးသေးလေးအတွက်နှင့်လူတစ်ယောက်ကိုတစ်စက္ကန့်အတွင်းသတ်ပစ်နိုင်သည်။

ပိုင်စုရှင်းဇွန်းကိုကျစ်ကျစ်ပါအောင်ဆုပ်ထားရင်း"သမီး ကြက်သားကြိုက်တယ်"

"ဟ..ဟမ်?"

"သမီး ကြက်သားကြိုက်တယ်လို့ပြောနေတာ၊ဒီယာဂုကဘာမှမမှားဘူး"

Villainess Series 1 : အဓိကဇာတ်ဆောင်အားအနိုင်ကျင့်ခြင်းWhere stories live. Discover now