[Unicode]
(ကျင်းအာ၏ရှုထောင့်)
'သခင်မလေးကို အရမ်းသဘောကျတယ်'
သူမရဲ့နာမည်လေးတောင်မှ နွေးထွေးပြီးကြင်နာတတ်တယ့်နာမည်မျိုး;ပိုင်စုရှင်းတယ့်,ပိုင် ရဲ့အဓိပ္ပာယ်က'ဖြူစင်ခြင်းနဲ့သန့်စင်ခြင်း';စု ရဲ့အဓိပ္ပာယ်က'ရိုးရှင်းခြင်း'ရှင်း ရဲ့အဓိပ္ပာယ်က 'နှလုံးသား'တယ့်၊ထိုသခင်မလေးက ဘယ်အမတ်ချုပ်အိမ်တော်ရဲ့အကြီးဆုံးသမီးလေ။
"ကျင်းအာ,ငါသခင်မလေးကိုအရမ်းစိတ်ပူတယ်,သခင်မလေးအဆင်ပြေသွားမှာပါနော်,ဟုတ်တယ်မလားဟင်"
လွန်ခဲ့သည့်ရက်သတ္တပတ်က သခင်မလေးအတွက်ဆိုးရွားတယ့်အဖြစ်အပျက်များကြုံတွေ့ခဲ့ရသည်၊စိုးရိမ်နေတယ့်သခင်မနဲ့ဒေါသထွက်နေတယ့်သခင်ကြီးကအိမ်တော်တစ်ခုလုံးကအစေခံတွေကိုနိုးနိုးကြားကြားရှိစေရန်သတိပေးထား၏။
"သခင်မလေးကရေနစ်တာကနေအကယ်ခံရပြီးကတည်းကငိုနေတာမရပ်သေးဘူး၊သခင်မလေးကအသက်၁၂နှစ်ပဲရှိသေးတာ၊သူ့အသက်ဆုံးရှုံးခံနီးကိုဖြစ်ထားတာကို ဘာလို့အဲ့လောက်ငိုနေရတာပါလိမ့်?"
"သမားတော်ကငါတို့ သခင်မလေးကိုကောင်းကောင်းပြုစုရင်ပြန်သက်သာလာမှာပါ
တယ့်""မင်လဲ့,သခင်မလေးရော?"
"ဟ..ဟမ်?"
"သခင်မလေး!ဘယ်မှာလဲ?"
"သခင်...သခင်မလေးကဒီနားမှာလေ"
သခင်မလည်း သခင်မလေးထပ်ပျောက်သွား
တယ့်သတင်းကိုကြားတော့ မူးလဲသွားတော့သည်၊ထို့နောက် လုခိုင်ကအစောင့်အားလုံးကိုချက်ခြင်းစုရုံးစေပြီးတာ၀န်ပေးလိုက်သည် "လူခွဲပြီး သခင်မလေးကိုရှာကြ!"မိနစ်သုံးဆယ်အကြာတွင် အရှေ့ခြံဝင်းတစ်ခုမှ အော်သံတစ်ခုကြားလိုက်ရသည်။
"သခင်မလေး!!!"
ကြမ်းပြင်ပေါ်မှာလဲကျနေသောကုလားထိုင်တစ်လုံး;မျက်နှာကျက်ဘားတန်းမှတွဲလောင်းကျနေသည့် အဖြူရောင်ပိုးထည်ရှည်သည်ရင်းနှီးပြီးသားဖြစ်သောမိန်းမငယ်လေး၏နူးညံ့သောလည်ပင်းကိုညှစ်ထားသည်၊မိန်းမငယ်လေးကအလယ်တွင်ရှိနေကာ မောဟိုက်နေပြီးတိတ်တဆိတ် ရုန်းကန်နေလေ၏။
YOU ARE READING
Villainess Series 1 : အဓိကဇာတ်ဆောင်အားအနိုင်ကျင့်ခြင်း
Random*THIS STORY IS NOT MINE* The author of this story is badlover101❣️ "ပိုင်စုရှင်း,မင်းဘာလို့အဲ့လောက်ရက်စက်ရတာလဲ?" *ဒီnovelလေးကတော့သာမန်ရုံး၀န်ထမ်းမလေးလျှိုရှီးရှီးကရုတ်တရက်၀တ္ထုကမ္ဘာထဲကဗီလိန်မလေးပိုင်စုရှင်းနေရာကိုရောက်သွားတာပါ၊သူမရဲ့လက်တွေ့ကမ္ဘာကို...