"၂၄ ဆိုတော့ ကြာသပတေးနေ့ပဲ.. မင်း ဘယ်နှရက်
လုပ်မှာလဲ"
"ဆန်းဒေးထိပဲလေ.. ၄ရက်လောက်ပေါ့"
"အင်း... ပြခန်းအတွက်တော့ အဲ့နေ့ကုမ္ပဏီက ခန်းမတစ်ခုကို ဖယ်ထားလိုက်မယ်.. အဆင်ပြေတယ်မလား"
"ပြေပါတယ်.. ငါလည်း အရမ်းခမ်းခမ်းနားနားကြီး
မလုပ်ချင်ပါဘူး.. ဒါပေမယ့် အကုန်လုံးက
ငါပြန်ရောက်တဲ့အထိမ်းအမှတ်အနေနဲ့ ပြပွဲတစ်ခုလောက် လုပ်သင့်တယ်ပြောလို့.. ငါလည်း ဒီမှာပဲအခြေချ
ဖြစ်တော့မှာဆိုတော့လည်း..ဟွန့်"
"သေချာလှချည်လား သားကြီးရ.. အခြေအနေတွေက တိုးတက်နေပြီလား"
ကောင်းပြည့်ရုံးခန်းမှာ ကော်ဖီသောက်ရင်း သူ့ပြပွဲကိစ္စဆွေးနွေးနေရင်းက လမ်းကြောင်းလွဲပြီး အချစ်ရေးကိစ္စရောက်သွားသည်။ ခြေချိတ်ထိုင်ပြီး ကော်ဖီသောက်နေတဲ့စေက ကော်ဖီခွက်ကို စားပွဲပေါ်တင်ကာ
"တိုးတက်နေတယ်လို့တော့ထင်တာပဲ"
"မင်းစကားကလည်း တိုးတက်ရင်လည်း
တိုးတက်တယ်ပေါ့.. ဘာကြီးလဲ"
"ဟွန့်.. နှောင်းက ငါ့ကိုချစ်နေတယ်လို့တော့ထင်တာပဲ.. ဒါပေမယ့် ငါ့နောက်ခံကြောင့် သူနည်းနည်း
တွေဝေနေတယ်ထင်တယ်"
"ဟ အလာကြီးပါလား"
"နှောင်းကိုယ်တိုင်ပြောတာကွ"
"အေးပါကွာ.. ဒီတစ်ခါတော့ မင်းကံကောင်းပါစေလို့
ငါဆုတောင်းပါတယ်"
"ဟွန့်"
ကောင်းပြည့်စကားကြောင့် နာကျည်းစွာ မဲ့ပြုံးပြုံးလိုက်မိသည်။ ပထမဆုံးအချစ်ဦးက သစ္စာဖောက်သွားတဲ့ နာကျင်စရာအတိတ်က သူ့မှာရှိခဲ့ဖူးသည်။ နောက်ဆုံးထွက်သက်ထိ အချစ်ဦးနဲ့အမြဲအတူရှိနိုင်မယ်လို့ထင်ခဲ့ဖူးပေမယ့် သူထင်သလိုမဖြစ်ခဲ့။ မိန်းမတစ်ယောက်ရဲ့သစ္စာဖောက်ခြင်းကိုခံခဲ့ရလို့ ရှက်စိတ်၊ခံပြင်းစိတ်တွေနဲ့ ၄နှစ်လုံးလုံး သူမြတ်နိုးရတဲ့ပန်းချီထဲမှာပဲ စိတ်ဝိဉာဉ်တစ်ခုလုံးကို မြှုပ်နှံခဲ့သည်။ မြန်မာနိုင်ငံမှာပဲ အခြေချဖို့
ဟိုးအရင်ကတည်းကဆုံးဖြတ်ခဲ့ပေမယ့် ခုလို အလောသုံးဆယ်မဟုတ်။ အမေ့ကြောင့်
ခဏပြန်လာခြင်းသာ။ ဒါပေမယ့်လည်း မြန်မာနိုင်ငံပြန်လာရင်း မထင်မှတ်ပဲ နှောင်းကို တစ်ခါလေး
တွေ့ဖူးရုံနဲ့ စွဲလမ်းမိသွားသည်။ အမေသာသိရင်
မွေးရကျိုးနပ်တဲ့သားဟု သူ့ကိုဆူတော့မှာ ကျိန်းသေသည်။ မင်းသိလား နှောင်း.. ကိုယ်မင်းကို အဲ့လောက်ထိ ချစ်မိနေတာ။
