အိမ်အပြန်လမ်းမှာ ကားမောင်းနေရင်း မိနစ် ၂၀ လောက်အကြာမှာ ဖုန်းထဲစာဝင်လာသံကြောင့် ကြည့်လိုက်တော့ နှောင်းဆီကမို့ ကားကို ညာဘက်ကြောယူပြီး လမ်းဘေးမှာ ကပ်ရပ်လိုက်သည်။ ကားရပ်ပြီးနောက်ဖုန်းကိုဖွင့်ကြည့်တော့
📨သူငယ်ချင်းတွေဆီရောက်နေပြီ📨
📨အိုခေ ကျွန်တော်လည်း အိမ်ပြန်နေပြီ📨
📨အင်း Goodnight 📨
📨 Goodnight 📨
နှောင်းဆီစာပြန်ပို့ပြီးတာနဲ့ ကားစက်နှိုးကာ မောင်းထွက်လာခဲ့သည်။ အိမ်ပြန်ရောက်တာနဲ့ ရေမိုးချိုးပြီး ဖုန်းဖွင့်ကာ နှောင်းဆီ ပြန်ရောက်ပြီလားဆိုတဲ့ စာပို့ထားပေမယ့် စာမပြန်လာ။ IG ဖွင့်လိုက်တော့ နှောင့်အကောင့်ကို Follow လုပ်ထားတဲ့အပြင် သူမဘာတင်တင် အရင်ဆုံး သူ့ NF မှာ ပေါ်လာအောင် Favourite ပါ လုပ်ထားတော့ သူမStory တင်ထားတယ်ဆိုတာကို တွေ့လိုက်သည်။ Story ထဲဝင်ကြည့်တော့ သူငယ်ချင်းသုံးယောက်ပုံတင်ထားပြီး My Loooooovely ဆိုပြီး ရေးထားသေးသည်။ ဟွန့်... တကယ်ပဲ သူ့မိန်းကလေးက ချစ်ဖို့တော်တော်ကောင်းသည်။ Screen က သူမမျက်နှာလေးကို လက်နဲ့အသာတို့ကြည့်နေတုန်းမှာပဲ
📨ခုမှပြန်ရောက်တာ📨
📨အင်း.. နားတော့နော်.. အိမ်မက်လှလှမက်ပါစေ😘📨
📨စေရောပဲ📨
ဖုန်းကိုပိတ်လိုက်ပြီး ခုတင်ပေါ်နောက်ပြန်လှန်လှဲချလိုက်သည်။ နာရီကြည့်တော့ ည ၈နာရီခွဲနေပြီမို့ သူငယ်ချင်းဆိုတဲ့ယောကျာ်းလေးသူငယ်ချင်းနဲ့ ဒီအချိန်ထိ အတူတူရှိနေပါလားဆိုပြီး ရင်မောရပြန်သည်။ ပိုင်တောင်မပိုင်သေးတာကို သူငယ်ချင်းနဲ့ပါ သဝန်ကြောင်နေမိတဲ့ ကိုယ့်ကိုကိုယ်လည်း စေ ရယ်ချင်မိသည်။
စေညွှန်ရာ.. စေညွှန်ရာ မင်း နှောင်းရိပ်ငယ်အပေါ်
ရုန်းမထွက်နိုင်လောက်အောင် ချစ်မိနေပြီပဲ။
💕
"ပြပွဲက နောက်လထဲပေါ့"
"အင်း ငါတော့ နောက်လ ၂၄ရက်နေ့လောက် လျာထားတယ်.. မွေးနေ့အမှီလုပ်ချင်ပေမယ့် နယူးယောက်ခ်က ပန်းချီကားတွေက နောက်လထဲမှ ရောက်မှာဆိုတော့ နောက်လပဲရွေ့လိုက်တော့မလားလို့"
