"အင်း... မနက်ဖြန် ဒီဇိုင်းသစ်ကြော်ငြာဖို့ရယ် နောက်လ ၁ရက်နေ့မှာ ဈေးကွက်ထဲဖြန့်ချီတော့မှာဆိုတော့ ဒီလထဲ အလုပ်တော့ရှုပ်နေမှာ.. ဘာလို့လဲ"
"ဒီလ ၂၄ ရက်နေ့က ကျွန်တော့်မွေးနေ့လေ.. အဲ့ဒါ နှောင်းအချိန်ရရင် နေ့လည်စာဖြစ်ဖြစ် ညစာဖြစ်ဖြစ် အတူတူစားချင်လို့"
"ဟုတ်လား.. ၂၀ ကျော်ဆို နှောင်း အားလောက်မှာပါ.. မွေးနေ့လက်ဆောင်ဘာလိုချင်လဲ.. နှောင်းဝယ်ပေးမယ်လေ"
"နှောင်းရဲ့အချစ်"
အဟွတ်..အဟွတ်!!!!!
"နှောင်း အဆင်ပြေရဲ့လား"
ရေသီးသွားတဲ့သူမကြောင့် စေ ပျာယာခတ်ကာ ထိုင်ရာမှ ထဖို့ပြင်လိုက်ပေမယ့် နှောင်းကလက်ခါပြတာကြောင့် ခုံမှာ အသာပြန်ထိုင်လိုက်သည်။
"ရုတ်တရပ်မို့ ရေသီးသွားတာပါ.. ရတယ်ရတယ်..
ဟိုလေ.. စားလို့လည်းပြီးပြီဆိုတော့ နှောင်းတို့
ပြန်ကြမလား"
"နှောင်းသဘောလေ.. ကျွန်တော်လိုက်ပို့ပေးမယ်"
"ရတယ်.. နှောင်း သူငယ်ချင်းတွေနဲ့ ချိန်းထားသေးလို့ အိမ်တန်းပြန်မှာမဟုတ်သေးဘူး"
"ဒါဆိုလည်း သူငယ်ချင်းတွေနဲ့ ချိန်းထားတဲ့ဆီကို လိုက်ပို့ပေးမယ်လေ"
"ဟို...ရပါတယ်.. စေ့အကြောင်း သူငယ်ချင်းတွေကို
မပြောပြရသေးတော့လေ.. ရုတ်တရပ်ကြီး သူတို့ စေ့ကိုတွေ့သွားရင် အဆင်မပြေမှာစိုးလို့ပါ"
"နှောင်းသူငယ်ချင်းတွေဆိုတော့ IG မှာ တင်ထားတဲ့ နှောင်းပုံတွေမှာ တွေ့တွေ့နေရတဲ့ ၂ယောက်လား"
"အွန်း.. စေက သိနေတာပဲ.. ဟုတ်တယ် သူတို့နှစ်ယောက်က နှောင်းရဲ့အချစ်ဆုံးသူငယ်ချင်းတွေလေ"
"ဪ.. တစ်ရက်တော့ ကျွန်တော့်ကို နှောင်းသူငယ်ချင်းတွေနဲ့မိတ်ဆက်ပေးပေါ့"
"အင်းပါ.. ဒါဆို နှောင်းတို့ပြန်ကြရအောင်လေ"
"အိုခေ"
ပိုက်ဆံရှင်းပြီးနောက် ဆိုင်ထဲက နှစ်ယောက်အတူတူထွက်လာပြီး ကျွန်တော်လိုက်ပို့ပေးမယ်ဆိုတာကို အတင်းငြင်းနေတဲ့သူမကြောင့် ကျွန်တော်ကပဲ လက်လျော့လိုက်ရသည်။ Taxi ပေါ်တက်သွားတဲ့သူမကို ကြည့်ပြီး သူမစီးသွားတဲ့Taxi နံပါတ်ကိုပါ မှတ်ထားလိုက်သည်။ ည၇နာရီဆိုတာ အရမ်း
နောက်မကျသေးပေမယ့် မိန်းကလေးတစ်ယောက်တည်းလွှတ်လိုက်ရတာကို စိတ်မချ။ လိုက်ပို့ပေးဖို့လည်း လက်မခံတာကြောင့် သူငယ်ချင်းတွေနဲ့တွေ့ပြီဆို
စာပို့ထားဖို့ ပြောလိုက်ရသေးသည်။
