"ကဲ ကျွန်တော့်အကြောင်း ဘာသိချင်သေးလဲ..
မေးပါဗျ"

"စေကတော့ ဟာသတွေလာပြောနေတယ်.. စေ့အကြောင်းသိချင်ရင် စေ့ကိုမေးနေစရာတောင်မလိုဘူး.. အင်တာနက်ဖွင့်ပြီး ရှာလိုက်တာနဲ့ အကုန်သိနေရပြီကို"

"ဒါပေမယ့် ကျွန်တော်က နှောင်းကို ကိုယ်တိုင်
ပြောပြချင်တာ.. ပြီးတော့...."

စကားဆက်မပြောပဲ ပြုံး‌ပြကာ နှောင်းကို ကြည့်နေတဲ့ စေကြောင့် မနေတတ်စွာ

"ပြီးတော့ ဘာဖြစ်လဲ"

"ပြီးတော့ နှောင်းက ကျွန်တော်ချစ်ရတဲ့
မိန်းကလေးဆိုတာတော့ အင်တာနက်မှာ
ရှာလို့မရလောက်သေးဘူးလေ"

"ရှင်!!"

ဒီတစ်ယောက်နဲ့တော့ နှောင်းလည်း အငွေ့သာ
ပျံသွားချင်တော့တယ်။ လူတစ်ယောက်လုံးကို
ရှေ့မှာထားပြီး ချစ်စကားတွေပြောနေတော့ စားနေတဲ့အရသာတောင် ဘယ်ရောက်သွားမှန်းမသိ။
မနေတတ်စွာ ခြေဖျားလက်ဖျားတွေပါ
အေးလာတာကြောင့်

"စေနော်.. ညစာစားမယ်ဆိုပြီး လူကို နေရခက်အောင် လုပ်နေတယ်"

"ဟင် နှောင်းက ဘာကို နေရခက်တာလဲ"

"စေက နှောင်းကို ရှေ့မှာထားပြီး အဲ့လိုအကြည့်နဲ့ အသည်းယားစရာစကားတွေပြောနေမှတော့ နှောင်း
နေရခက်တာပေါ့"

"ဟွန့်.. အဲ့လိုဆို ရှေ့လျှောက်ဘယ်လိုလုပ်မလဲ.. ကျွန်တော်က နှောင်းကျွန်တော့်အပေါ် ကြွေလာအောင် အမြဲခြွေနေတော့မှာဆိုတော့လေ"

"ရှင်!!!"

မျက်လုံးလေးဝိုင်းနဲ့ တအံတဩဖြစ်သွားတဲ့
နှောင်းပုံစံကြောင့် ‌ကျွန်တော်ရယ်လိုက်မိသည်။ စေ့ထက် အသက်ကြီးတဲ့သူမက လူကောင်သေးတဲ့အပြင် ခုလို ချစ်စရာကောင်းတဲ့အပြုအမူလေးတွေလည်း ရှိနေတော့ ဘယ်သူက သက်လတ်ပိုင်းအမျိုးသမီးတစ်ယောက်လို့ထင်တော့မှာလဲ။ မင်း သိပ်ချစ်စရာကောင်းလွန်းတယ် နှောင်း။

"နှောင်းကိုကြည့်ရင်း ကျွန်တော်တော့ အသည်းတွေ
ယားလာပြီ.. ကဲပါ နှောင်းနေရခက်တယ်ဆို
ကျွန်တော်တို့ တစ်ခြားအကြောင်းပြောကြတာပေါ့..
ဒီလထဲ နှောင်း ထွေထွေထူးထူးလုပ်စရာရှိလား"

💕 Feeling of Love 💕 (Unicode Ver)Where stories live. Discover now