📨နှောင်းက စားပြီးပြီ.. စေက ထမင်းစားတာ နောက်ကျမနေဘူးလား.. ခုပဲ ၁နာရီခွဲနေပြီ📨
📨စိတ်ပူတယ်ပေါ့.. နှောင်းဆီက ခုလိုစိတ်ပူတယ်ဆိုတာ သိရတော့ ဗိုက်တောင်မဆာတော့ဘူး📨
📨အပိုတွေ.. လူဆိုတာ စားချိန်သောက်ချိန် အိပ်ချိန်
မှန်ရတယ်စေရဲ့.. နောက်တစ်ခါ ထမင်းစားဖို့အရမ်းနောက်ကျမနေစေနဲ့📨
📨ဟုတ်ကဲ့ပါဗျာ.. ဒီနေ့က Entertainment ဘက် ခဏရောက်သွားလို့.. နည်းနည်းအလုပ်ရှုပ်နေတာနဲ့ ခုမှစားဖြစ်တာ.. နှောင်းစကားနားထောင်ပြီး
နောက်တစ်ခါ သေချာဂရုတစိုက်စားပါ့မယ်📨
📨အွန်း.. အာ့ဆို ဒါပဲနော်..
နှောင်းအလုပ်လုပ်ရဦးမယ်📨
📨အိုခေ.. ချစ်တယ် နှောင်း📨
စေ့ဆီကပြန်စာကြောင့် နှောင်း ဖြန်းခနဲ
မျက်နှာပူသွားသည်။ ဘာပြန်ပို့ရမှန်းမသိတာနဲ့
အောက်နှုတ်ခမ်းကို ဖွဖွလေးကိုက်ကာ ပြုံးနေမိသည်။
"နှောင်းလေး ရည်းစားရနေပြီလား"
အစ်မသူဇာစကားကြောင့် နှောင်းအလန့်တကြား
အစ်မသူဇာဘက် ကြည့်လိုက်မိသည်။ အခန်းထဲမှာရှိတဲ့သူအားလုံးရဲ့အကြည့်တွေက နှောင်းဆီရောက်လာတာမို့
အမြန်ပဲ
"မဟုတ်.. မဟုတ်ပါဘူး အစ်မသူဇာကလည်း
ပေါက်တက်ကရ"
"မသိပါဘူးအေ.. ဖုန်းကိုကြည့်ပြီး မျက်နှာကြီးနီပြီး
ပြုံးနေလို့မေးကြည့်တာ"
"သူ..သူငယ်ချင်းပါ.. နှောင်းကိုစာပို့ပြီး စနေလို့
ဟင်းးးး ဟင်း"
ခေါင်းတညိမ့်ညိမ့်နဲ့အလုပ်ပြန်လုပ်နေတဲ့ အစ်မသူဇာကြောင့် မသိမသာသက်ပြင်းလေးချပြီး နှောင်း အလုပ်ဆက်လုပ်နေလိုက်သည်။
💕
"အဲ့တော့ စေက လန်ဒန်မှာပဲ ကျောင်းပြီးကတည်းက
နေခဲ့တာပေါ့"
"အင်း ဟုတ်တယ်.. လန်ဒန်မှာပဲကျောင်းပြီးတော့ အလုပ်လုပ်ရင်း အဲ့မှာပဲ အခြေချဖြစ်သွားတာ"
"ဪ..."
Spaghetti ကို စားနေရင်း ကျွန်တော်ပြောသမျှနားထောင်နေတဲ့ မိန်းကလေးဟာ
အကြည့်မလွှဲနိုင်လောက်အောင် လှလွန်းတယ်။ ရှေ့ကဝိုင်ခွက်ကို လှမ်းယူရင်း ဝိုင် တစ်ငုံသောက်ကာ နှောင်းကို ရယ်မြူးရိပ်သန်းနေတဲ့အကြည့်တွေနဲ့ကြည့်ပြီး
