ဟုတ်ပါတယ်လေ.. နှောင်းရဲ့စိုးရိမ်ပူပန်စိတ်တွေကို နည်းနည်းတော့လျော့လိုက်ရင် ကောင်းမယ်ထင်တယ်။ လင်းပြောသလို နှောင်းက စေ့ကို ချစ်နေပြီလား။
တွေ့တာမကြာသေးတဲ့ယောကျာ်းလေးတစ်ယောက်အပေါ် ဒီလိုမြန်မြန်ချစ်မိသွားနိုင်တယ်ပေါ့ အမယ်လေး ရှက်ဖွယ်ပါလား နှောင်းရိပ်ငယ်။
💕
"ဝါးးးး နှောင်းက ဒီလိုကျတော့လည်း တကယ့်မော်ဒယ်တစ်ယောက်လိုပါပဲလား"
"ဟုတ်ပနော်.. အစ်မနှောင်း အရမ်းလှတယ် သိလား..
ဒီပုံစံအတိုင်းဆို Winter Season အတွက်
ဒီဇိုင်းတွေက ဧပရယ်တို့ ထင်တာထက်
ပိုနာမည်ကြီးတော့မယ်ထင်တယ်"
ကြော်ငြာအတွက် ဓာတ်ပုံတွေရပြီမို့ နှောင်းတို့
ပထမထပ်က ဝန်ထမ်းအားလုံးက နှောင်းပုံတွေကို
ကြည့်ပြီး ချီးကျူးနေကြတာဖြစ်သည်။ အားလုံးက မြှောက်နေကြတော့ နှောင်းမျက်နှာပူစွာဖြင့်ပင်
"နှောင်းတော့ အဲ့လိုမျှော်လင့်ရတာပဲ.. မနက်ဖြန် ကြော်ငြာတက်တော့မှ Customer တွေရဲ့
တုံ့ပြန်မှုကိုကြည့်ရမှာပေါ့"
"ကဲ အာ့ဆို မနက်ဖြန် Social Media တွေမှာ
တင်ဖို့ Marketing Team က တာဝန်ယူပေးနော်.. အလန်းဆုံး အမိုက်ဆုံး Caption တွေ Description တွေနဲ့ ကြော်ငြာကြမယ်"
"ဟုတ်ကဲ့"
အစ်မသူဇာအပြောကို အားလုံးက တက်ညီလက်ညီပြန်ဖြေကြပြီး ကိုယ့်စားပွဲရှိရာသို့ အသီးသီးပြန်ထိုင်ပြီး
လုပ်စရာရှိတာလုပ်နေကြသည်။ နှောင်းလည်း ထိုင်ခုံမှာထိုင်ရင်း စားပွဲပေါ်မှာတင်ထားတဲ့ Hand Cream ဘူးကို ယူကာ အနည်းငယ်ခြောက်သွေ့ချင်သလို
ဖြစ်နေတဲ့လက်ဖဝါးထဲထည့်ပြီး လက်နှစ်ဖက်ကို
ပွတ်သပ်လိမ်းလိုက်သည်။
ဘီ့ဘီ📩
Hand Cream လိမ်းနေတုန်း ဖုန်းထဲ Message ဝင်လာတာကြောင့် စားပွဲပေါ်တင်ထားတဲ့ဖုန်းကို ယူကာ ဖတ်ကြည့်လိုက်တော့ ဒီတစ်မနက်ထဲကိုပဲ စာပို့နေတာ ၅ခေါက်လောက်ရှိနေတဲ့ စေ့ဆီကမို့ နှောင်းပြုံးလိုက်မိသည်။
📨 နှောင်း ထမင်းစားပြီးပြီလား.. ကျွန်တော်တော့ ခုမှသွားစားမှာ📨
