".........."
"ငါကတော့ နင့်ရဲ့ စိုးရိမ်စိတ်တွေ
အတွေးလွန်နေတာတွေကို ဖျောက်ပြီး နင့်ကို
သူနဲ့တွဲကြည့်စေချင်တယ်"
"ငါနာကျင်ရမှာ ကြောက်တယ် လင်း..
ငါသိတဲ့အချစ်က ပူလောင်ခြင်းတွေ နာကျင်မှုတွေနဲ့ပဲ
ပြည့်နေတာ"
လင်း နှောင်းလက်လေးကို အသာဆုပ်ကိုင်ကာ
"အဲ့လိုရသစုံမှ အချစ်လို့ခေါ်တာလေ နှောင်းရဲ့..
အချစ်ဆိုတာ အမြဲတမ်းနာကျင်စရာ ပူလောင်စရာတွေပဲရှိတာ မဟုတ်ပါဘူး.. ပျော်ရွှင်ခြင်း၊ အေးမြခြင်း ကြည်နူးခြင်းဆိုတာတွေလည်း ရှိပါသေးတယ်.. ဒီလိုပဲ တစ်ယောက်နဲ့တစ်ယောက် ညှိယူကြရတာတော့ရှိတာပေါ့"
"............."
"နင့်စိတ်တံခါးကို ဖွင့်ပြီး အကောင်းဘက်ကတွေးဖို့
ကြိုးစားကြည့်ဦး.. ငါတော့နင့်ကို သူနဲ့သဘောတူတယ်"
ဇွတ်ကို သဘောတူနေတဲ့ လင်းကို မျက်စောင်းဝင့်လိုက်ပြီး
"သဘောတူရအောင် နင်သူ့ကို မြင်ဖူးလို့လား မိန်းမ..
ငါ့ကို တစ်ယောက်တည်းသာယာနေတာကို
မနာလိုဖြစ်နေတယ်နဲ့တူတယ်"
"နင့်အကြိုက်ပါဆိုမှတော့ အဲ့လူရဲ့ရုပ်ရည်ကို
ပြေးကြည့်စရာတောင်မလိုဘူး.. တွေးကြည့်တာနဲ့
သိပြီးသား.. နင်က ကောင်လေးတွေဆို ချောမှ သန့်မှ
သဘောကျတတ်တဲ့သူမျိုးလေ.. စိတ်ဓာတ်ကတော့
အင်း... နင်ပြောပုံအရ ထွေထွေထူးထူး အပြစ်ပြောစရာ
မရှိပါဘူး.. နင့်ဘက်က အိုခေတယ်ဆိုမှ ငါတို့နဲ့
မိတ်ဆက်ပေးပေါ့"
"အင်းပါ"
"ဒါနဲ့ နင် ရောင်နီ့ကိုရော ပြောပြီးပြီလား"
"ဟင့်အင်း.. မသေချာသေးပဲ မပြောချင်သေးဘူး..
ဒါပေမယ့် ငါ့မှာ နင်တို့တွေပဲရှိတာ တစ်ခုခုထူးခြားတာနဲ့ နင်တို့ကိုအရင်ဆုံး အသိပေးမှာ"
"ပြီးတာပဲ.. နင် ဒီကအပြန်တစ်ခါတည်း ရုံးသွားတော့မှာလား"
"အင်း.. နင်လည်းစားပြီးပြီဆို
ငါတို့ရှင်းကြတော့မလား"
"အိုခေ.. မောင်လေးရေ ရှင်းမယ်"
ကျသင့်ငွေရှင်းပြီးတာနဲ့ နှစ်ယောက်သား ဆိုင်ထဲမှာ ထွက်လာပြီး ကိုယ့်အလုပ်ခွင်ရှိရာသို့ ထွက်လာခဲ့ကြသည်။ လင်းနဲ့နည်းနည်းတိုင်ပင်လိုက်တော့ စိတ်ထဲ
နည်းနည်းပေါ့သွားသလိုပင်။
