ငါသေချာမသိဘူး"
"အေးလေ.. ငါ့သူငယ်ချင်းလေးက အချစ်ရေးနဲ့ပတ်သက်ပြီး ဘာအတွေ့အကြုံမှမရှိတာ.. ဒါဆို
ငါမေးတာကိုပဲဖြေ.. နင်သူ့ကိုရင်ခုန်လား"
လင်းအမေးကို နှောင်း မျက်နှာပူစွာနဲ့ပဲ ခေါင်းညိတ်ပြလိုက်သည်။
"အိုခေ.. ဒါဆို နင် သူနဲ့အကြည့်ချင်းဆုံပြီး
စကားပြောရဲလား"
"စစတွေ့ချင်းတုန်းကတော့ ပြောရဲတယ်ထင်တာပဲ..
ဒါပေမယ့် မနေ့ကသူငါ့ကို ဖွင့်ပြောပြီးတော့ ငါသူနဲ့
အကြည့်ချင်းမဆုံရဲတော့ဘူး"
"အင်း.... ခြေဖျားလက်ဖျားတွေ အေးပြီး
ကတုန်ကရင်ရော ဖြစ်သေးလား"
"ဟမ်"
"ဒီလိုလေ ဘာလုပ်လို့ဘာကိုင်ရမှန်းမသိပဲ
စိတ်ထဲဗျာများနေတာမျိုးလေ"
"အော်.. အွန်း"
"နင် သူသာ နာမည်ကြီးတစ်ယောက်မဟုတ်ခဲ့ရင်
ဒါမှမဟုတ် နင့်ထက်ငယ်တယ်ဆိုတဲ့ အချက်တွေသာ
ဖယ်လိုက်ရင် နင့်အတွက် သူက လုံးဝ Perfect မဟုတ်လား"
"အွန်း"
ခေါင်းညိမ့်ပြတဲ့နှောင်းကိုကြည့်ပြီး လင်း ပြုံးလိုက်ကာ
"သေချာတယ် နင်သူ့ကို ချစ်နေပြီ"
"ဘာ!!!! မဖြစ်နိုင်တာ ငါတောင် မသေချာသေးတာကို
နင်က ဘာလို့....ဘာလို့"
အလန့်တကြားဖြစ်နေတဲ့ နှောင်းကို ရယ်ပြလိုက်ကာ
"ကာယကံရှင်ထက် ဘေးကလူက ပိုမြင်တယ်တဲ့..
နင်က ယောကျာ်းလေးတွေနဲ့စကားပြောရင် အလုပ်ကိစ္စဖြစ်ဖြစ် သူငယ်ချင်းတွေနဲ့ပဲဖြစ်ဖြစ် အကြည့်ချင်း
မဆုံရဲဘူးဆိုတာ မရှိဘူး.. အရင်က နင့်ကို ရည်းစား
စကားပြောဖူးတဲ့ယောကျာ်လေးတွေနဲ့ဆိုလည်း နင်
သူတို့ကို ငြင်းပြီးတာတောင် အမူအရာမပျက်
စကားပြောနိုင်တဲ့သူလေ"
လင်းပြောတာကို နှောင်း မျက်လုံးအဝိုင်းသားနဲ့ နားထောင်နေမိသည်။
"နင်ခုလိုယောကျာ်းလေးကိစ္စနဲ့ပတ်သက်ပြီး
ဒီလောက်ထိ အရေးတယူတွေးနေပြီဆိုကတည်းက
သူက နင့်အတွက် ထူးခြားတဲ့သူတစ်ယောက်ပဲ နှောင်း"
💕မ💕
Depuis le début
