"နှောင်းက အဲ့လိုသစ္စာမရှိတဲ့မိန်းမနဲ့ နှိုင်းစရာမလိုအောင် ပြီးပြည့်စုံပြီးသား"
"ဝိုးးးးး ညွှန်းလှချည်လား.. ငါ့သူငယ်ချင်းကြီး နှောင်းရဲ့အချစ်ကို အမြန်ဆုံးရပါစေလို့ ဆုတောင်းပေးတယ်"
"ပေးတဲ့ဆုနဲ့ပြည့်ပါစေကွာ"
"သောက်ခွက်ကိုက...."
"ဟားးးးးးးဟားးးးးးဟားးးး"
ငါးခူပြုံးပြုံးနေတဲ့ စေ့ကိုကြည့်ပြီး ကောင်းပြည့်
မနေနိုင်စွာ ထဆဲတော့ တဟားဟား အော်ရယ်နေသည်။ ကောင်းပြည့်နဲ့စကားပြောနေရင်း စေက ဖုန်းထုတ်ကြည့်ပြီး ပြုံးနေသည်။
"ဖုန်းထဲမှာ ဘာတွေ့လို့ မင်းအဲ့လောက်ပြုံးနေရတာလဲ.. ဖုန်းထဲလည်း ဝင်သွားဦးမယ်"
"ဒီမှာလေ.."
မေးတာမဖြေပဲ ဖုန်းကိုသူ့ဘက်လှည့်ပြတာကြောင့် ကောင်းပြည့်ကြည့်လိုက်တော့ မနှောင်းရိပ်ငယ်ပုံတွေပင်။ တိတိကျကျပြောရရင် ရိုက်ကွင်းနေ့က ရိုက်ပေးထားတဲ့ပုံတွေ။
"Aurora Chic Brand ရဲ့ ကြော်ငြာတွေကတော့ တက်လာပြီ.. Like တွေလည်း အများကြီးပဲကွ.. ငါအပြင်သွားလိုက်ဦးမယ်"
"ဟ.. ဘယ်တုန်း"
"အချစ်ရှိရာအရပ်ဆီ"
"ဟေ့ကောင်!!!"
ပြုံးပျော်ပြီး အခန်းထဲကထွက်သွားတဲ့ စေ့နောက်ကျောကိုကြည့်ပြီး သံဝေဂတွေလည်း ရပါတယ်။ ဘယ်နှယ့်ဗျာ အရူးအမူးကို ဖြစ်နေတော့တာပဲ။
💕
ကြော်ငြာပိုစ့်တွေတင်ပြီးတာနဲ့ ထင်မထားလောက်အောင်ကို အော်ဒါတွေအများကြီး ရလာတယ်။ နိုင်ငံခြားဘက်က Wholesale အော်ဒါတွေအပြင် Customer တစ်ယောက်ချင်းစီကပါ သဘောကျကြောင်း ဒီဇိုင်းတွေဆိုင်မှာတင်တာနဲ့ ဝယ်မယ်ဆိုတဲ့အကြောင်း အစရှိသဖြင့် ကောင်းတဲ့မှတ်ချက်တွေကြောင့် နှောင်းတို့အားလုံး ပျော်လည်းပျော်ရသလို အလုပ်လည်း များနေကြသည်။ နိုဝင်ဘာလ ၁ရက်နေ့မှာ ပြည်ပမှာရော ပြည်တွင်းမှာပါ Official ရောင်းတော့မှာမို့ ပြည်ပအော်ဒါတွေ အချိန်မှီရောက်ဖို့ လေကြောင်းလိုင်းတွေ Logistics Company တွေနဲ့ ချိတ်ဆက်နေရသည်။ တစ်ရုံးလုံး မနက်ကတည်းက အော်ဒါကိစ္စတွေနဲ့ အလုပ်ရှုပ်နေတော့ နေ့လည်ထမင်းစားချိန်ရောက်တာတောင် သတိမထားလိုက်မိကြ။ ဗိုက်ထဲကသံစုံတီးဝိုင်းသံတွေကြောင့် အလုပ်များပေမယ့်လည်း နေ့လည်စာစားဖို့ပြင်ကြရသည်။ နှောင်းတို့ရုံးမှာ ဝန်ထမ်းတွေထမင်းစားနားဖို့ အခန်းလုပ်ပေးထားတာမို့ ထမင်းစားချိန်ရောက်တော့ ထမင်းချိုင့်ပါလာတဲ့သူတွေက ထမင်းစားခန်းထဲရောက်လာကြသည်။ အပြင်မှာသွားစားတဲ့သူတို့ Deliနဲ့မှာစားတဲ့သူတို့လည်း ရှိသေးသည်။
