၄၀..၀န်ခံလိုက်

Start from the beginning
                                    

"သခင်မလေး!!!"

အလင်းတန်းနှင့်အတူငွေရောင်ဓားသွားနှစ်ချောင်းက မျက်နှာကျက်ဆီသို့တန်းတန်းမတ်မတ်ပျံသန်းသွားကာရှည်လျားသောပိုးထည်ကိုတိကျစွာ ဖြတ်တောက်ပစ်လိုက်သည်၊လုခိုင်ကသူ့သခင်မလေးအနားသို့ အပြေးအလွှားသွားကာသူမ၏အေးစက်နေသောခန္ဓာကိုယ်ကိုလှမ်းဖမ်းလိုက်သည်။

"သ..သခင်မလေး,ဘာလို့လဲ?ဘာလို့ဒီလိုလုပ်ရတာလဲ?"

"ငါ...အိမ်ပြန်ချင်တယ်"သူမ၏အသံများပြာနေလေ၏။

ကျင်းအာက သူမသခင်မလေးလည်ပင်းနားတစ်ဝိုက်မှာအနီရောင်အရာကြီး ပေါ်လာတာကို သတိထားမိတော့ငိုရုံသာသူမတတ်နိုင်ခဲ့သည်၊ ဒါကသခင်မလေးရဲ့တတိယမြောက် သေကြောင်းကြံစည်မှုပဲဖြစ်သည်။

"အမေ..အမေငါ့ကိုစောင့်နေတယ်"

"အိမ်ပြန်ချင်တယ်.. သူငါ့ကိုလိုအပ်နေတယ်"

---

ရှစ်နှစ်ဆိုတယ့်အချိန်ကာလက ကုန်တာမြန်ဆန်လွန်းသည်၊ဘုရင်သစ်က နန်းတက်လေပြီ။

သခင်မလေးပိုင်စုရှင်း ကမ္ဘာကြီးကနေထွက်ခွာသွားတော့သူမအသက်၁၇နှစ်ပဲရှိသေးသည်၊ ကျွန်မသည်လည်း သခင်ကောင်းကိုဆုံးရှုံးလိုက်ရခြင်းအတွက်သုံးနှစ်တာလုံး ဝမ်းနည်းပူဆွေးခဲ့ရသည်၊အရာအားလုံးကို မေ့ပစ်ပြီးကောင်းကောင်းရှင်သန်ပါ့မယ်လို့လည်း သခင်မလေးကိုကတိပေးထားသည်။

ဒါပေမယ့် လုခိုင်ရဲ့ နောက်ဆုံးစာမှာသူ့အမွှာညီ လုရီကိုရှာတွေ့ဖို့ နီးစပ်နေပြီလို့ဖော်ပြထားတဲ့အတွက်သူမစိုးရိမ်နေမိသည်၊ထိုသည်က အန္တရာယ်နှင့်သေခြင်း..တစ်ခုခုကိုကြုံရတော့မည်ဟုဆိုလိုခြင်းဖြစ်သည်၊သို့သော် လွန်ခဲ့တယ့်သုံးလကစပြီး လုခိုင်ဆီကစာမလာတော့ပေ၊သူ တစ်ခုခုဖြစ်သွားမှာစိုးသည်။

အနက်ရောင်ခေါင်းဆောင်းတွင်းမှ မျက်လုံးများကိုပွတ်သပ်ရင်း ဒေါသတကြီးစာရွက်ကိုကြေမွကာ လွှင့်ပစ်လိုက်သည်၊ငါထင်တယ့်အတိုင်းပဲ၊ငါ့ကိုအလိုရှိတယ့်ပုံတူတွေက မြို့တော်နဲ့အနီးနားနယ်တွေမှာဖြန့်ကျက်ထားတာပဲ။

Villainess Series 1 : အဓိကဇာတ်ဆောင်အားအနိုင်ကျင့်ခြင်းWhere stories live. Discover now