Chapter(55-2) - ကန့်သတ်ချက်များ

Start from the beginning
                                    

ဒါပေမဲ့ ရုပ်သေးသစ်သားက ရှာဖွေဖို့ အရမ်းခက်ခဲတယ်လေ။ နှစ်တစ်ရာကျော် ရင့်မှည့်နေတဲ့ ရုပ်သေးသစ်သားကသာ တကယ့် ရုပ်သေးရုပ်တွေကို ဖန်တီးနိုင်တာ။ အရင်တုန်းက ရှန်ကျစ်ရှန်းတောင် ရုပ်သေးသစ်သားကို ရှာဖွေဖို့ အားအများကြီး စိုက်ထုတ်ကြိုးပမ်းခဲ့ရပြီး နောက်ဆုံးအပိုင်းလေးကို ချင်းယွင်ဂိုဏ်းမှာ ကျန်ရစ်ခဲ့တဲ့ သူ့ကိုယ်သူ ရုပ်သေးအဖြစ် ဖန်တီးဖို့သုံးခဲ့တာ။

ဒီလိုအချိန်တိုလေးအတွင်းမှာ ဘယ်လိုဖြစ်လို့ ရန့်ရှန်က ဒီလောက်ကံကောင်းပြီး ရုပ်သေးသစ်သားတွေ ထပ်ရှာတွေ့ရတာလဲ? မဟုတ်သေးဘူး ရန့်ရှန်က ချင်းယွင်ဂိုဏ်းမှာ သူချန်ထားရစ်ခဲ့တဲ့ ရုပ်သေးသစ်သားကို ရှာတွေ့သွားတာဆိုတာကို ပိုယုံကြည်တယ်။ နောက်ပိုင်းမှာသူက အနက်ရောင်ချီနဲ့ ရောနှောပြီး လျှို့ဝှက်နည်းလမ်း သုံးလိုက်လို့သာ ဒီလောက်များပြားတဲ့ ရုပ်သေးတွေကို ဖန်တီးနိုင်တာ။

သူတို့မျက်စိရှေ့ကနေ လူသတ်သွားတဲ့ အားလင်ကလည်း သေချာပေါက် တကယ့်အားလင် အစစ် မဖြစ်နိုင်ဘူး။ တကယ်တော့ တကယ့်အားလင်အစစ်က ဟိုးတုန်းကတည်းက သေသွားလောက်ပြီ။ နောက်ပိုင်းသူတို့ အားလင်တစ်ယောက် ထပ်တွေ့ပြန်တော့လည်း အဲ့ဒါက ရန့်ရှန်က သူ့ပုံစံ ဟန်ဆောင်ထားတာပဲ ဖြစ်လိမ့်မယ်။ အဲ့ဒါကြောင့်သာ ချင်းယွင်ဂိုဏ်းထဲ အလွယ်တကူ ရောနှောပြီး သူတို့ကို တားမြစ်ခန်းထဲကနေ လွှတ်ပေးနိုင်တာပေါ့။

ရန့်ရှန်က မိစ္ဆာကျင့်ကြံသူ ဖြစ်လာတော့ သူ့စွမ်းရည်က တော်တော်လေး အံ့မခန်းပဲ။ အကယ်၍သူသာ တကယ့် မကောင်းဆိုးဝါးတစ်ကောင် ဖြစ်လာခဲ့ရင် ဘယ်လောက်တောင် ပိုဆိုးသွားမလဲဆိုတာ စဉ်းစားကြည့်လို့ရတယ်။

ရှန်ကျစ်ရှန်းက မျက်ခုံးကို ပွတ်သပ်လိုက်ကာ

"ငါချင်းယွင်ဂိုဏ်းက ထွက်မလာခင်တုန်းက ရုပ်သေးသစ်သားကိုသုံးပြီး ငါ့ကိုယ်စား ထားခဲ့တာ, အဲ့ဒါက အခုပေါ်သွားပြီထင်တယ်"

ဘယ်သူကတွေ့သွားတာလဲ?

အဲ့ဒါ စုန့်မင်းဖြစ်မှာက ပုံမှန်ပဲလေ

(Completed) ဆရာဖြစ်ရတာမလွယ်ဘူး (ဆရာျဖစ္ရတာမလြယ္ဘူး)Where stories live. Discover now