ဒီလိုဘဝမျိုးမှာ နေခဲ့သလိုမျိုး ရှင်းပြလို့မရတဲ့ခံစားချက်တွေတပြုံကြီး He Lang ခံစားနေရတယ်။ သူရုတ်တရက်ကြီး အရင်က တစ်ခါမှ မတွေးခဲ့တဲ့အတွေးတွေပေါ်လာတယ်။ တစ်ဘဝလုံးရဲ့အဓိပ္ပါယ်ကို သူလိုက်ရှာနေခဲ့တာ အခုအခိုက်အတန့်များလား?

မှတ်ဉာဏ်တွေအားလုံးရှိနေတဲ့ Jing Yang ကတော့ ဒီလိုမျိုးကို အသားကျနေခဲ့ပြီမို့ He Lang လိုမျိုး စိတ်လှုပ်ရှားတာမရှိပါဘူး။ ဒါက သူ့အတွက်တော့ အရမ်းပုံမှန်ဆန်ပြီး မကြာခဏဖြစ်နေတဲ့အရာပဲလေ။

ညစာစားပြီးတော့ Jing Yang က He Lang ကို လိုက်ပို့တယ်။ He Lang ကတော့ ပြန်ရမှာ အနည်းငယ်တွန့်ဆုတ်နေပြီး အပေါက်ဝကြီးမှာ ရပ်နေပါတယ်။ ဘာကြောင့်ဆိုတာမျိုး သူ့မှာ မရှိဘူး ဒါပေမယ့် ဒီည ဒီမှာ အတင်းအကြပ်နေချင်စိတ်ဖြစ်နေတာ။ ကံကောင်းတာက သူ့မှာ အသိစိတ်ကရှိနေသေးတော့ သူခံစားနေရတဲ့အစစ်အမှန်တွေကို မဖော်ပြခဲ့ဘူး။ အားလုံးထက် သူတို့ဆက်ဆံရေးက အခုမှ ဖွံ့ဖြိုးကာစရှိသေးတာကို ဒီည ဧည့်သည်အခန်းမှာနေခွင့်တောင်းလိုက်ရင် အရမ်းရုတ်တရက်ဆန်လွန်းသွားလိမ့်မယ်လေ။

အနာဂတ်မှာ သူတို့ကြားက ပူးပေါင်းထားတဲ့ ဆက်ဆံရေးကြီးရှိနေမှာပဲ ဆိုတော့ နောင်ကျ ပိုပြီး ထိတွေ့ဆက်ဆံခွင့် ရမှာပဲလို့ He Lang တွေးလိုက်တယ်။ ဆက်ဆံရေးတွေ တိုးတက်ဖို့ဆိုရင် အချိန်က အရေးပါဆုံးပဲ။ ဒါကြောင့် အခုလို ရုတ်တရက်ဆန်တာတွေ မလုပ်ဘဲနေမှ။ ဒီလူသားလေးကို ကြောက်အောင်လုပ်တာ ဘာကောင်းကျိုးမှ မရှိဘူးလေ။

တစ်ခုခု ဆက်တိုက်တွေးနေတဲ့ He Lang နဲ့ ယှဉ်ရင် ညစာ စားပြီးတဲ့နောက် Jing Yang ခေါင်းထဲမှာ ဗလာဖြစ်နေတယ်။ သူ He Lang ကို ဗလာဖြစ်စွာနဲ့ တံခါးဝဆီ လိုက်ပို့တယ်။ ဒီလူထွက်သွားမှ တံခါးပိတ်လို့ရမှာမို့ ထွက်အသွားကို မတ်တပ်ရပ်စောင့်နေပါတယ်။

"ကိုယ် မနက်ဖြန်ကျ စာချုပ်ယူလာခဲ့မယ် အသေးစိတ်ကိုတော့ မင်းပြန်စစ်ကြည့်လိုက်ပေါ့" He Lang က Jing Yang ဆီက အကြည့်မခွာဘဲ ပြောလိုက်တယ်။

"အာ? အိုး ကောင်းပြီလေ" Jing Yang က He Lang ကို စိုက်ကြည့်လိုက်တယ်။

အချိန်တခဏလေးအတွင်း He Lang နှလုံးခုန်သံတွေမြည်ပြီး အသက်ရှုသံတွေ ပြင်းထန်လာတယ်။ ဒီလိုမျိုး ချစ်စရာကောင်းတဲ့မျက်လုံးလေးနဲ့ ကြည့်နေတဲ့ Jing Yang ကိုလေ သူ့လက်မောင်းထဲဆွဲသွင်းပြီး မျက်နှာလေးကို မနမ်းခင် ဆံပင်လေးကို ဖွဖွနမ်းပစ်လိုက်ချင်တာ။

အရံဇာတ်ကောင်၏ လှည့်ဖြားခြင်း System [ဘာသာပြန်]Nơi câu chuyện tồn tại. Hãy khám phá bây giờ