Chapter - 50 (U+Z)

Start from the beginning
                                    

"အရင်က ကျွန်​တော့်ခန္ဓာကိုယ်ထဲမှာ ရှိတာ ဘာလဲဆိုတာ​တော့ ကျွန်​တော်လည်း မသိဘူး၊ ရှန်းမိုယွီရဲ့ ခန္ဓာကိုယ်ပေါ်မှာလည်း အဲ့ဒါကို မမြင်ဖူးဘူး

ရဲ့လဲ့ သူ့ရဲ့ (SL) စကားလုံးတွေကို မှတ်တမ်းတင်ထားပြီး

"အာဟာရဖျော်ရည်တွေ သောက်ရုံနဲ့ အဆင်ပြေမှာလား? ​photosynthesis(နေ​ရောင်နဲ့ အစာချက်ခြင်း)အတွက် နေရောင်အောက်မှာ ထားဖို့ လို​သေးလား?"

“မလို​လောက်ဘူးထင်တယ် ကျွန်​တော် အရင်က သူ့ကို ​နေပူထဲ တစ်ခါမှ မထုတ်ဖူးဘူး"

စုလင်း အမြစ်ကို ညင်သာစွာ ညှစ်ပြီး ဆိုလိုက်သည်။

“နေ​ရောင်ထဲ နေချင်လား”

​ဘေးမှာ ရပ်နေသော အမြစ်သည် ဘယ်ညာ ယိမ်းနွဲ့ပြီး အ​ထက်​အောက် ရွေ့သွားပြန်သည်။

စုလင်း မျက်ခုံးပင့်လိုက်ပြီး "ဆို​တော့ ​နေချင်တာလား မ​နေချင်တာလား?"

အမြစ်များ မရွေ့လျားဘဲ ရှန်းမိုယွီ၏ အတွေ့အကြုံများ စုလင်း၏ စိတ်ထဲတွင် တောက်ပ၊ လင်းလက်လာသည်။ မြင်ကွင်းတွင် သူ့ရဲ့အနီရောင်ပွင့်ချပ်များသည် တိရစ္ဆာန်များစွာ၊ ရောင်စုံလိပ်ပြာများနှင့် ပျားများဖြင့်ဝန်းရံထားပြီး နေရောင်အောက်တွင်တောက်ပနေပုံရသည်။ နောက်မြင်ကွင်းတွင် ရှန်းမိုယွီသည် နေရာတိုင်းတွင် အမြစ်များဖြန့်ကာ နေရောင်မရှိသော တောနက်ကြီးထဲတွင် တိတ်ဆိတ်စွာ စောင့်ဆိုင်းနေပါသည်။အမဲလိုက်မုဒ် ဖြစ်သည်။ ယခုချိန်​တွင်​တော့ ရှန်းမိုယွီဟာ photosynthesis လုပ်ဖို့ ​နေ​ရောင်မရှိသည့်အချိန်တွင် အမဲလိုက်​လေ့ရှိပုံရတာကို စုလင်း နားလည်လိုက်သည်။ သူက အပင်နှင့် တိရစ္ဆာန်များထံမှ ရှင်သန်ခြင်းနည်းလမ်းများကို အမွေဆက်ခံထား​ပေသည်။ ယခုချိန်တွင် အမဲလိုက်ခြင်းကို အစားထိုးပေးနိုင်သော အာဟာရ​ပျော်ရည် ရှိ​ပေသည်။ သူနားလည်လိုက်​သော အချက်အလက်ကို အတည်ပြုဖို့ စုလင်း ရှန်းမိုယွီကို မေးလိုက်သည်။

"မင်းဆိုလိုတာက ​နေ​ရောင်ထဲ ထွက်ထွက် မထွက်ထွက် အဆင်​ပြေတယ်​ပေါ့?"

ဥက္ကဋ္ဌကြီးရဲ့ အိုမီဂါဇနီး​လေးအဖြစ် ပြန်လည်​မွေးဖွားခြင်းWhere stories live. Discover now