သူလည်းအထဲထိလိုက်မဝင်ချင်တာကြောင့်အပြင်မှာသာဂိမ်းဆော့ရင်းစောင့်နေလိုက်သည်။သူထိုင်စောင့်နေရင်းဆေးလိပ်သောက်ချင်လာတာကြောင့်ခေါင်မိုးထပ်ကိုသွားဖို့ဘဲဆုံးဖြတ်လိုက်သည်။

ရိပေါ် ခေါင်မိုးထပ်ရောက်တော့ဘယ်သူမှမတွေ့တာနဲ့ဆေးလိပ်ထုပ်ပြီးမီးညှိလိုက်သည်။
ဒါပေမဲ့သူဆေးလိပ်မသောက်မိခင်မှာတင်သူ့ဆေးလိပ်ကိုလက်ဖြူဖြူလေးတစ်ဖက်ကဆွဲယူလိုက်သည်။

ရိပေါ် လည်းစိတ်ထဲထောင်းခနဲဖြစ်သွားကာလက်ပိုင်ရှင်ကိုမျက်မှောင်ကျုံ့လို့ကြည့်လိုက်မိသည်။

ဒါပေမယ့်စတွေ့မိတဲ့မျက်ဝန်းလေး
မျက်တောင်စိပ်စိပ်လေးတွေနှင့်အညိုရောင်မျက်ဝန်းလေးတွေ‌
ဒေါသထွက်နေမှုကြောင့်တည်တင်းနေတဲ့မျက်နှာနုနုလေး
ဒီလူကတကယ်အလှလေးဘဲ။
ခန္ဓာကိုယ်အရွယ်အစားကြည့်ရတာomegaတစ်ယောက်ဖြစ်ပုံရသော်လည်းသူ့ရဲ့အကြည့်တွေကစူးရှပြီးအသက်ဝင်နေတယ်။

ရိပေါ် သူ့ရဲ့အတွေးတွေကိုပိုသေချာသွားအောင်သူ့ရှေ့ကomegaလေးကိုဆွဲဖက်လိုက်ပြီးအနံ့ ဂလင်းကိုနမ်းကြည့်လိုက်တယ်။

သူ့ရဲ့လုပ်ရက်ကိုမထင်ထားစွာမျက်လုံးလေးပြူးလို့လန့်သွားပုံရပြီးရုန်းနေတာကြောင့်ရုန်းလို့မရအောင်ချုပ်လိုက်ပြီးနှုတ်ခမ်းနဲ့ထိကပ်နမ်းရှိုက်လိုက်သည်။

မွှေးလိုက်တာနို့နံသင်းသင်းလေးကိုမှချယ်ရီပန်းနံ့နဲ့ရောစပ်ထားတဲ့အနံ့လေး။

အဲ့ဒီ့အချိန်မှာဘဲသူသတ်မှတ်ခဲ့တာဒီomega လေးကသူ့အပိုင်။
သူတစ်ယောက်ထဲရဲ့အပိုင်။

သူ့အတွေးမဆုံးခင်သူ့ပါးပေါ်ကျရောက်လာတဲ့လက်သီးတစ်ချက်။
လူလေးလှသလောက်ဒေါသကလည်းကြီးလိုက်တာ။

<<<<<<<<>>>>>>>>>

ရှောင်းကျန့် ဒီနေ့မနက်ထဲကအားနေရသည်။အကြောင်းကတော့ဒီဆေးရုံရဲ့ပိုင်ရှင်ဖြစ်သူ V VIPဆိုတဲ့လူလာမှာကြောင့်သူ့ရဲ့အချိန်စာရင်းတွေကိုလွှတ်ထားရတယ်။

အရင်တုန်းကလည်းလတိုင်းကျန်းမာရေးအခြေအနေကိုလာစစ်နေကြ‌ဖြစ်ပေမယ့်
ဆရာရှဲ့ကသာတာဝန်ယူစစ်ဆေးပေးခဲ့တာ။

Other Side Of Love  (Complete)Where stories live. Discover now