၃၃..ကယ်ဆယ်ခြင်း

Start from the beginning
                                    

စုရှင်းထပ်ငို‌နေမိကာ'ဘာလို့ ငါကငိုနေရတာလဲ?နှလုံးသားကရော ဘာလို့အရမ်းနာကျင်နေရတာလဲ?'

'လီဟန်..'

အမျိုးသမီးက သူမကိုသူ့ဘေးမှာထိုင်ခိုင်းလိုက်ပြီး"ငါမင်းကိုဘာလို့သဘောကျလဲသိလား,မိန်းကလေးပိုင်?ဘာလို့လဲဆို​တော့ မင်းရဲ့ပုံစံကငါငယ်ငယ်တုန်းကပုံစံကိုပြန်မြင်နေရသလိုမျိုးပဲမို့၊အဲ့ဒါကြောင့် ငါမင်းကိုအကြံတစ်ခုပေးမယ် ကလေးမ"

"လမ်းတစ်ခုကို ရွေးဖို့ဆုံးဖြတ်ပြီးရင် အဲ့လမ်းကိုအဆုံးထိကြည့်ရမယ်"ပြုံးပြုံးရွှင်ရွှင်ဖြင့်အမေတစ်ယောက်လို သူမလက်ကိုပွတ်သပ်ပေးလိုက်၏"မယိမ်းယိုင်နဲ့"

စုရှင်းမျက်လုံးများကစူးရှလာကာ..

ထိုမျက်၀န်းများသည်တောက်လောင်နေသောမီးတောက်များကဲ့သို့ပင်၊သူမစိတ်တည်ငြိမ်အောင်အပြင်းအထန်ကြိုးစားလိုက်သော်လည်း,ငြိမ်သက်နေသောမြစ်သည်တစ်ဟုန်ထိုးစီးဆင်းလာသကဲ့သို့ပင် စုရှင်းသူမလက်ကိုဖယ်ချပစ်လိုက်တော့ အမျိုးသမီးက ထိတ်လန့်သွားကာအပြုံးသည်လည်းချက်ချင်းပျောက်ကွယ်သွားတော့သည်။

"ရှင်းအာ"

ပိုင်မုရိုရောက်လာခဲ့ပြီဖြစ်သည်။

ပိုင်မုရို၏စိုးရိမ်ပူပန်မှု နှင့်ထိတ်လန့်နေသော အမူအရာသည်သူ၏လူအိုမျက်နှာကြီးတွင် ပေါ်လွင်နေသည်၊သူသည် သမီးဖြစ်သူထံသို့‌ေရာက်ရှိလာပြီးနောက် တော်ဝင်ကိုယ်လုပ်တော်အား အရိုအသေပေးလိုက်၏"ကိုယ်လုပ်တော်ဇီကိုအရိုအသေပြုပါတယ်"

ဇီရိုကမျက်မှောင်ကြုတ်လိုက်ကာစောစောကစုရှင်းရဲ့အပြုအမူကြောင့် စိတ်မသက်မသာဖြစ်နေသေးသည်။

"တော်၀င်ကိုယ်လုပ်တော်က စင်ကြယ်ပြီးသဘောထားကြီးပါတယ်၊ကျွန်တော့်သမီးအပြစ်ပြုမိတာရှိရင် ‌ခွင့်လွှတ်ပေးဖို့တောင်းဆိုချင်ပါတယ်"ပိုင်မုရိုကတောင်းပန်လိုက်သည်။

တဖြည်းဖြည်းနဲ့အမျိုးသမီး၏နှုတ်ခမ်းထောင့်များကော့တက်လာကာ"ကောင်းပြီလေ၊သစ္စာရှိအမတ်ကြီးအတွက် ခွင့်လွှတ်ပေးလိုက်ပါ့မယ်"

Villainess Series 1 : အဓိကဇာတ်ဆောင်အားအနိုင်ကျင့်ခြင်းWhere stories live. Discover now