၂၈..အကြံပေးခြင်း

Start from the beginning
                                    

"မိန်းကလေးက သူ့အနက်ရောင်နှလုံးသားထဲမှာအထူးနေရာလေးတစ်ခုတော့ရှိနေတာဖြစ်မယ်"

စုရှင်းအားတင်းကာ ‌ပြုံးထားလိုက်သည်၊သူမကသေဖို့အတွက် လက်မှတ်အသင့်ထိုးထားပြီးသားသူပါ၊သူမစိတ်ထဲမှာတော့,ဗီလိန်ကို စိုက်ကြည့်လိုက်သည် 'ကျေးဇူးပြုပြီး,အဲ့လိုကြောက်စရာကောင်းတယ့်စကားတွေမပြောပါနဲ့လား'

နောက်နှစ်ရက်ကြာတော့ နောက်ဇာတ်ကွက်အတွက်အချိန်ကျပြီဖြစ်၏။

နန်းဘုရင် ပြန်လည်ကျန်းမာလာခဲ့သည်၊သူတို့ ကပြောလိုက်သည်;သူကတော့ထပ်ပြီးသေမင်းနဲ့တိုက်ခိုက်လာပြန်ပြီထင်တယ်၊လူအများကလည်း သိချင်နေကြသည်;နတ်ဘုရားလိုလူမျိုးလား မဟုတ်ရင်သူဘယ်လိုအသက်ရှင်မှာလဲ?

ဟယ်ပေမြို့စားကစတုတ္ထမင်းသား၏အရင်းနှီးဆုံးမိတ်ဆွေအဖြစ်သည်၊နန်းဘုရင်သေဆုံးပါက ထီးနန်းအတွက် အကြီးမားဆုံးပြိုင်ဖက် ဖြစ်လာမည်ဖြစ်သည်၊ထို့ကြောင့် နန်းတွင်း၀န်အမတ်အများအပြားသည် ဟေပေမြို့စားထံမှ အခွင့်ကောင်းရရှိရန် ကြိုးပမ်းခဲ့ကြသည်။

ဘယ်ဘက်အမတ်ချုပ်အိမ်နှင့်ပတ်သက်သည့် နောက်ထပ်ကောလာဟလတစ်ခုလည်း ရှိသေးသည်။ယခုဆိုလျှင် နန်းဘုရင်၏အသက်သည်သိပ်မသေချာလှပေ။ကြားတာက- ပိုင်မိသားစုရဲ့အကြီးဆုံးသမီး ပိုင်စုရှင်း၊စတုတ္ထမြောက် မင်းသားရဲ့ ပန်းပွင့်လေးဟုလူသိများသောသူသည် ဟေပေမြို့စားနှင့်လက်ထပ်ရန် သဘောတူထားပြီးဖြစ်ဟုပင်ဆိုသည်။

ပိုင်စုရှင်း၏အစေခံအသစ်များတွင်,စစ်သူကြီးမင်(စတုတ္ထမင်းသားရဲ့မိတ်တွေထဲကတစ်ယောက်)နဲ့ ခေါင်းမာတဲ့ ကျင်းအာကတော့သူမနောက်သို့ဆက်လိုက်နေမြဲဖြစ်သည်။

သူမ‌ကျင်းအာကိုသတိပေးခဲ့သည်၊သူမနောက်သာဆက်လိုက်မယ်ဆိုရင် လျှာတင်မကဘူးအသက်ပါဆုံးရှုံးသွားနိုင်သည်ဟု‌ပြောသော်လည်း ကျင်းအာသည်သူမစကားများကိုလျစ်လျူရှုကာ..သူမလေးကိုပြန်ခေါ်ဖို့သာတောင်းဆိုခဲ့သည်။

အခြားအစေခံများနှင့်မတူဘဲ၊သူမ၏သစ္စာရှိ‌အစေခံမလေးသည် စာပေတတ်မြောက်သူတစ်ယောက်ဖြစ်သည်၊ကျင်းအာသည် ကျင်းလင်ပြည်နယ်မှ ကျဆုံးသွားသော ပညာတော်သင်မိသားစုမှဆင်းသက်လာသူဟု ကြားသိရသည်၊ထို့ကြောင့်သူမ စာရေးတတ်၊ ဖတ်တတ်သည်၊ကျင်းအာသခင်အဖြစ်သူမတောင်ရှက်မိသည်၊ကျင်းအာ၏လက်ရေးလှသည်သူမထက်များစွာပိုကောင်းသည်၊စုရှင်းကူချင်းတီးခတ်ဖို့သင်ကြားချိန်ဆိုသူမဘေးကထိုင်ကြည့်တတ်သည်၊ထို့နောက်ကြည့်ရုံပင်ကျင်းအာကတတ်မြောက်သွားသည်၊ပြောရမယ်ဆိုရင် ကျင်းအာကတစ်ကယ်အရည်အချင်းရှိတယ့်ကောင်မလေးပါ။

Villainess Series 1 : အဓိကဇာတ်ဆောင်အားအနိုင်ကျင့်ခြင်းWhere stories live. Discover now