💕100% Falling in Love💕

Start from the beginning
                                        

"ရပါတယ်ဗျ.. ကျွန်တော်လည်း မနေ့ကအိမ်ရောက်မှ
ဒီနေ့ရုံးဖွင့်ရက်ဆိုတာ သတိရသွားတာ"

"အားနာလိုက်တာရှင်.. ဟို.. ဒီမှာပါ မနေ့က
ရှင်စိုက်ပေးထားတဲ့စာအုပ်ဖိုး"

စေ့ကိုစာအုပ်ဖိုးဆိုပြီး လက်နှစ်ဖက်နဲ့ပိုက်ဆံကမ်းပေးနေတဲ့မိန်းကလေးကို ကြည့်ပြီး

"စာအုပ်ဖိုးပဲလား.. ဒီနေ့အတွက်စောင့်ရတဲ့ဖိုးကရော"

"ရှင်!!"

"အဟွန့်.. ကျွန်တော်တို့ဆိုင်တစ်ဆိုင်မှာထိုင်ရအောင်လေ.. မိတ်ဖြစ်ဆွေဖြစ်ပေါ့.. ဒီကလည်း ခုမှရုံးက
ဆင်းလာတာဆိုတော့ ဗိုက်ဆာနေမှာပေါ့"

"ဟို ကျွန်မ မဆာ..."

ဂွီ!!!!!!

ပါးစပ်ကငြင်းနေပေမယ့် ဗိုက်ကအချက်ပြနေတာကြောင့် နှောင်းလည်း

"အိုခေလေ.. တစ်ခုခုသွားစားကြတာပေါ့"

နှစ်ယောက်သား JC အပေါ်ထပ်က Ramen ဆိုင်ကိုပဲဦးတည်လိုက်ပြီး မှာလိုက်သည်။ အစားအသောက်တွေ လာမပို့ခင် စေကပဲ စကားစလိုက်ပြီး

"ကျွန်တော့်နာမည် စေညွှန်ရာပါ.. ဒီက..."

"ဪ နှောင်းရိပ်ငယ်ပါ.. တွေ့ရတာဝမ်းသာပါတယ်"

"ဟုတ်ကဲ့ မနှောင်းရိပ်ငယ်"

"ဒီနေ့ကျွန်မဘက်ကနောက်ကျသွားတော့ ဒီနေ့ဝိုင်းကို
ကျွန်မပဲ ရှင်းပေးမယ်နော်"

"ဒါပေမယ့် သူငယ်ချင်းဖြစ်ဖို့စကားစပြီး
ဆိုင်တစ်ဆိုင်မှာထိုင်ဖို့ ဖိတ်ခဲ့တာ ကျွန်တော်လေ..
ကျွန်တော်ပဲရှင်းပါ့မယ်"

"သူငယ်ချင်း.."

"အွန်း.. ကျွန်တော် ဒီက မနှောင်းရိပ်ငယ်နဲ့ မိတ်ဆွေ
သူငယ်ချင်း ဖြစ်ချင်တယ်ဆိုရင် မနှောင်းရိပ်ငယ်
ခွင့်ပြုပေးနိုင်မလား"

"ဟွန့်..."

နှောင်း နှုတ်ခမ်းလှုပ်ရုံပြုံးလိုက်ပြီး ရှေ့က ရေဖန်ခွက်ကိုယူကာ ရေတစ်ငုံသောက်လိုက်ပြီးနောက်

💕 Feeling of Love 💕 (Unicode Ver)Where stories live. Discover now