"ဧပရယ့်ကြောင့် ဒီနေ့အားလုံးအလုပ်ရှုပ်ကုန်ပြီ..
ဧပရယ် တောင်းပန်ပါတယ်နော်"
"ရပါတယ်.. နောက်တစ်ခါတော့ မဖြစ်စေနဲ့ပေါ့..
အမှာစာရတာနဲ့ ချက်ချင်းမေးလ်ကို Forwardလုပ်ဖို့
မမေ့နဲ့.. ဖုန်းနဲ့လက်ခံလိုက်တယ်ဆိုရင်လည်း Client
နဲ့ Confirm သေချာလုပ်ပြီး မေးလ်ပို့ခိုင်းတာ
စိတ်အချရဆုံးပဲ"
"ဟုတ်ကဲ့.. နောက်တစ်ခါဆို သတိထားပါ့မယ်"
"အွန်း.. ဒီနေ့ကိစ္စကို သင်ခန်းစာယူလိုက်ပေါ့"
"ဟုတ်"
ဒီလိုနဲ့ပဲ နှောင်းတို့ရုံးပြန်ရောက်တော့ ညနေ ၄နာရီခွဲ၊
ရုံးရောက်တာနဲ့ Client ဘက်ကလည်း နားလည်ပေးလို့ အဆင်ပြေတယ်ဆိုတဲ့ အစ်မသူဇာဆီကစကားကြောင့် ပင်ပန်းရကျိုးနပ်သွားသည်။ ဒီလိုနဲ့ပဲ ဒီနေ့နှောင်းရဲ့ရုံးဆင်းချိန်ဟာ ပုံမှန်အတိုင်း ညနေ ၅နာရီသာ။
ကိုယ့်ဘက်ကလည်း အကြွေးပေးဖို့ရှိနေတာကြောင့် နောက်ကျနေပေမယ့်လည်း JC ကို Taxi ငှါးပြီး
ထွက်လာလိုက်သည်။ စက်မှုဇုန်ဘက်ထိသွားထားတော့
လူကနည်းနည်းပင်ပန်းနေပေမယ့်လို့ပေါ့။
💕💕💕💕💕💕💕💕💕💕
လက်မှာပတ်ထားတဲ့နာရီကိုကြည့်လိုက်တော့ ည ၆နာရီ
ထိုးဖို့ ၁၀မိနစ်သာလိုတော့သည်။ ဒီနေရာမှာ စေ သူမကိုစောင့်နေတာ နေ့လည် ၁နာရီခွဲကတည်းက။ မနေ့ကပြောပြီးမှ ဒီနေ့ရုံးဖွင့်ရက်ဆိုတာကို သတိရတာကြောင့် သူမလည်း အလုပ်လုပ်နေရင် ၅နာရီ ၆နာရီထိဖြစ်နိုင်တယ်ဆိုပြီး ဆက်စောင့်နေတာ ဒီအချိန်တောင်ရောက်နေပြီ။ ကိုယ့်အကြံနဲ့ကိုယ် ဖုန်းနံပါတ်မပေးမိတာ၊ မယူမိတာကို ခုမှနောင်တရချင်လာသလိုပင်။
မနေ့ကဧည့်သည်တစ်ယောက်ကို ကောင်းပြည့်နဲ့အတူ လိုက်ဧည့်ခံပေးနေတုန်း သူမကိုမိန်းကလေးတစ်ယောက်နဲ့တွဲတွေ့လိုက်တာကြောင့် ကိစ္စရှိလို့ဆိုပြီး ထွက်လာကာ သူမတို့နောက်ကိုလိုက်လာခဲ့သည်။ ပထမတော့
ဒီအတိုင်း ကော်ဖီဆိုင်တစ်ဆိုင်မှာ အမှတ်မထင်
တွေ့ခဲ့မိတဲ့မိန်းကလေးတစ်ယောက်အဖြစ်နဲ့ ကိုယ့်စိတ်ကိုယ်ပြန်ထိန်းခဲ့ပေမယ့် မနေ့ကသူမကိုမြင်တော့ စေ့ရဲ့ရင်ခုန်သံတွေက မူမမှန်ပေ။
💕100% Falling in Love💕
Start from the beginning
