"အစ်ကိုရယ် ကူညီပါဦး.. အထည် ၅၀ ထဲပါ"
"မဖြစ်လို့ပေါ့နှောင်းရယ်.. မဟုတ်ရင် အစ်ကိုလည်း
ကူညီတာပေါ့"
"ဟူး...အဲ့လိုဆို နှောင်းတို့ တစ်ခြားစက်ရုံကို
ရှာကြည့်ရတော့မှာပေါ့"
"ဘယ်လို"
နှောင်းစကားကြောင့် တအံ့တဩဖြစ်သွားတဲ့
ကိုသန့်စင်ဆိုတဲ့ စက်ရုံသူဌေးကိုကြည့်ပြီး နှောင်း ခွင်ထဲ
ရောက်လာ၍ ကျေနပ်သွားသည်။ ဒါပေမယ့် မျက်နှာကို
အစွမ်းကုန်ညှိုးငယ်ထားပြီး
"Client က နှောင်းတို့ရဲ့ အမြဲတမ်း Customer လေ.. သူနဲ့က လုံးဝမိတ်ပျက်လို့မရဘူး.. အခုတစ်ခေါက်က ဒီကညီမလေးဘက်က ပေါ့ဆမှုကြောင့်ဆိုတော့လေ.. နှောင်းတို့ဘက်က အတတ်နိုင်ဆုံးကြိုးစားကြည့်ရမှာပဲ.. ဒါနဲ့ ဒီစက်မှုဇုန်ထဲမှာ Great အထည်ချုပ်လုပ်ငန်းကို သိလားဟင်.. ဘယ်လိုသွားရမလဲ ညွှန်ပေးလို့ရမလား.. အစ်ကိုလည်း သိတဲ့အတိုင်း နှောင်းက စက်မှုဇုန်လမ်းတွေ သိပ်မကျွမ်းလို့"
"ဟို.. ဟိုလေ"
💕💕💕💕💕💕💕💕💕💕
"နှောင်းက တစ်ခြားစက်ရုံရှာမယ်ဆိုမှ ပျာပျာသလဲလဲနဲ့ ပင်ပန်းပေမယ့်လည်း နှောင်းတို့မို့ သူဒီညအပြီးချုပ်ပေးမယ်တဲ့လေ"
"..........................."
"ဟုတ်ပ.. အာ့ဆို သန်ဘက်ခါမဟုတ်ပဲ Thursday အရောက်ဆိုရင်ရောဆိုပြီး အစ်မညှိကြည့်လိုက်ပါဦးနော်"
"..........................."
"ဟုတ်တယ်.. မနက်ဖြန် မနက်ပိုင်း စက်ရုံမှာသွားယူရမှာဆိုပေမယ့် အထည်ပြန်စစ်မှာနဲ့ဘာနဲ့ဆို Airline ဘက်
မမှီမှာစိုးလို့.. လိုရမယ်ရပြောထားလိုက်ပေါ့"
"..........................."
"အိုခေ.. အာ့ဆို ဒါပဲနော် အစ်မ"
နှောင်းဖုန်းချပြီးတာနဲ့တပြိုင်နက် သက်ပြင်းပါချလိုက်မိသည်။ တော်သေးတယ် အဆင်ပြေသွားလို့.. ရုံးမှာရှိတာ ၅၂ စုံမို့ ၄၈စုံသာလိုတာကြောင့် စက်ရုံဘက်ကို ပိုပိုလိုလို ၅၀ မှာလိုက်ရတယ်။ နှောင်းတို့က ကိုယ်ပိုင်စက်ရုံမရှိတော့ ကိုသန့်စင်တို့စက်ရုံနဲ့ ၃နှစ် စာချုပ်ချုပ်ထားတာကို ခု စာချုပ်သက်တမ်းကုန်ခါနီးကို ကိုသန့်စင်တို့ဘက်က အချိုးပြောင်းချင်နေတာကြောင့် မမမြတ်နဲ့တိုင်ပင်ပြီး စီစဉ်စရာရှိတာစီစဉ်ရဦးမှာပင်။
💕100% Falling in Love💕
Comenzar desde el principio
