💕100% Falling in Love💕

Start from the beginning
                                        

"အိုခေ နှောင်း"

"အော်.. ဆိုင်မှာ ချိတ်ထားတဲ့အထည်ကိုပါ 

ပေါင်းစစ်ပေးနော်"

"ဟုတ်ကဲ့"

"ဒါဆို အစ်မသူဇာ နှောင်း စက်ရုံဘက်ခဏသွားလိုက်မယ်"

"စက်ရုံသူဌေးကတော့ အစ်မဖုန်းဆက်ပြောတုန်းကတော့ လုံးဝခါးခါးသီးသီးပဲနှောင်းရေ.. အဆင်ပြေနိုင်ပါ့မလား"

"လူချင်းတွေ့ပြီးပြောကြည့်လိုက်မယ်လေ အစ်မရဲ့.. 
ဧပရယ်က နှောင်းနဲ့လိုက်ခဲ့နော်"

"ဟုတ်ကဲ့"

"အာ့ဆို အစ်မသူဇာ.. ဝေဝေတို့လက်ကျန်စာရင်းစစ်ပြီးတာနဲ့ နှောင်းကို စာရင်းအတိအကျပို့ပေးထားနော်.. 
အထည်နည်းနည်းလျော့သွားရင် စက်ရုံဘက်က လက်ခံချင်ခံမှာပေါ့"

"အိုခေ အစ်မလုပ်ပေးမယ်"

"ဒါဆို နှောင်းသွားပြီ.. လာ ဧပရယ် 
နှောင်းတို့သွားကြမယ်"

"ဟုတ်"

"ဂရုစိုက်သွားနော် နှောင်း"

"ဟုတ်ကဲ့"

နှောင်း ခပ်သွက်သွက်လေး အောက်ထပ်ဆင်းပြီးဆိုင်ရှေ့ပါကင်မှာ ရပ်ထားတဲ့ ရုံးအတွက်လိုရမယ်ရထားထားတဲ့ Honda Fit ရဲ့ မောင်းသူဘက်ခြမ်းကို သွားမယ်
ပြင်တော့ နောက်မှ လိုက်လာတဲ့ ဧပရယ်က

"ဧပရယ် မောင်းလိုက်မယ်လေ အစ်မနှောင်း"

ဖုန်းလက်ခံပြောတာတွေဘာတွေရှိဦးမှာမို့ နှောင်းက 
ဧပရယ့်ကို ကားသော့လှမ်းပေးလိုက်ပြီး

"အာ့ဆို ကျေးဇူးပဲ ဧပရယ်"

ဆိုင်ရှေ့ကနေ ကားလေးက သိမ့်ခနဲမောင်းထွက်သွားပြီးနောက်။ 

"ကိုသန့်စင်ကလည်း ကူညီပါနော်.. နှောင်းတို့ အထည် ၅၀ပဲ လိုတာမို့ပါ.. နော်"

"မဖြစ်ဘူး နှောင်းရ.. Winter Season အတွက် 
ချုပ်နေရတာနဲ့ အစ်ကိုတို့ ဘယ်လိုမှ မအားဘူးဟ.. 
ဒီရက်ပိုင်း အချိန်ပိုတွေတောင် ဆင်းနေကြရတာ.. 
ဝန်ထမ်းတွေလည်း ပင်ပန်းနေကြပြီ"

💕 Feeling of Love 💕 (Unicode Ver)Where stories live. Discover now