💕100% Falling in Love💕

Start from the beginning
                                        

"ဘယ်လို..."

"ထိုင်းဘက်က Client မှာထားတာက အစ်မတို့ရဲ့ 
Fairy Dress ကို ၁၀၀ မှာထားတာ.. အမှာစာကို 
ဧပရယ်က လက်ခံလိုက်ပြီး အစ်မတို့ဆီ မေးလ် မပို့ဖြစ်လိုက်ဘူး.. အဲ့မှာ အစ်မတို့က Client ရဲ့အမှာစာကို 
မတွေ့မိဘူးလေ.. လိုချင်တာက သန်ဘက်ခါအရောက်တဲ့.. စက်ရုံတွေဘက်ကလည်း Winter Season အတွက် ပြင်ဆင်နေတာဆိုတော့ ဒီအမှာစာကို လုပ်ပေးလို့မရဘူးဖြစ်နေတယ်.. ဟူးးးးးး အစ်မတော့ ရူးချင်တာပါပဲဟယ်"

"ဧပရယ်တောင်းပန်ပါတယ်.. ဧပရယ့်အမှားပါ.. အဲ့နေ့က အမှာစာလက်ခံတဲ့အချိန်ကနောက်ကျနေတော့ ဒီအတိုင်း Note မှာပဲ ချမှတ်ပြီး မနက်မှ ပို့မယ်ဆိုပြီးတွေးထားတာ.. ဒါပေမယ့် လုံးဝမေ့သွားပြီး စောနက Client ဘက်က Confirm ပြန်လုပ်မှ သတိရပြီး....... ဧပရယ်တောင်းပန်ပါတယ်"

"တောင်းပန်တာနဲ့ပြီးသွားမယ့်ကိစ္စမဟုတ်ဘူးလေ.. ဘယ်လိုဖြေရှင်းရမလဲစဉ်းစားရမှာ"

နှောင်း ပြောရင်း လွယ်ထားတဲ့စလင်းဘတ်အိတ်ကို ပြန်ချကာ ထိုင်ခုံမှထိုင်ရင်း

"ထိုင်းဘက်က Client က 
Mrs. Thakanaporn လား မသူဇာ"

"ဟုတ်တယ်.. နှောင်းသွားစရာရှိတယ်ဆို သွားလေ.. 
ရှားရှားပါးပါး နှောင်းဒီလိုခွင့်ယူပြီးသွားရမယ့်ကိစ္စဆိုတော့ အရေးကြီးမှာပေါ့.. ဒီမှာ အစ်မရှင်းထားလိုက်ပါ့မယ်.. နှောင်းသွားစရာရှိတာသွားပါ"

မသူဇာအပြောကြောင့် လက်မှာပတ်ထားတဲ့ နာရီလေးကို ကြည့်လိုက်တော့ ၁နာရီ၂၀မိနစ်ကို ညွှန်ပြနေတာကြောင့် သက်ပြင်းလေးသာချလိုက်ရင်း

"ရပါတယ်.. သိပ်အရေးမကြီးပါဘူး.. လောလောဆယ် Client ဘက်ကို အကြောင်းမပြန်သေးနဲ့ဦးနော်.. နှောင်းကြံကြည့်ပါဦးမယ်.. Fairy Dress က 
အရမ်းရောင်းအားကောင်းလို့ ပြီးခဲ့တဲ့လကတောင် 
နှောင်းတို့အထည် ၁၀၀ ထပ်တင်ရတယ်မလား.. 
ဒီလထိရောင်းအားက အထည် ၄၀ ကျော်ဝန်းကျင်လောက်ပဲ ရှိသေးတော့ ဂိုထောင်ထဲမှာ လက်ကျန်ရှိဦးမယ်ထင်တယ်.. ဝေဝေက Sale Girl တတစ်ယောက်နဲ့အတူ နှောင်းကို ဂိုထောင်ထဲမှာ တစ်ချက်သွားစစ်ပေးပါနော်"

💕 Feeling of Love 💕 (Unicode Ver)Where stories live. Discover now