💕100% Falling in Love💕

Start from the beginning
                                        

အိမ်ပြန်ရောက်တာနဲ့ အထုတ်တွေကို စားပွဲပေါ်တင်ကာ ရေချိုးခန်းထဲဝင်ပြီး ခြေလက်ဆေးလိုက်သည်။ ပြီးတာနဲ့ အိမ်နေရင်း တီရှပ်အပွနဲ့ ပေါင်လယ်လောက်သာရှိတဲ့ ချည်သားဘောင်းဘီကို ဝတ်ဆင်လိုက်ကာ ဝံရံတာဘက်ထွက်ကာ ကာထားတဲ့ ပလတ်စတစ်ကို ဖယ်ပြီး 
စောင်တွေ အိပ်ရာခင်းတွေကို ရုတ်လိုက်သည်။ 
တော်သေးတယ် ဒီနေ့တော့ နေလေးသာလို့။ 
ဝယ်ခြမ်းလာတာတွေကို သူ့နေရာနဲ့သူထည့်လိုက်ပြီး ညနေစာ ချက်ပြုတ်ပြင်ဆင်လိုက်သည်။ ဦး သင်ပေးထားတဲ့ ကင်ချီဟင်းရည်ချက်နည်းအတိုင်း ကင်ချီဟင်းရည်ချက်လိုက်ပြီး ကြက်သားပြားလွှာလေးတွေကို ထောပတ်လေးနဲ့လှိမ့်ကာ ကြော်လိုက်တော့ နှောင်းအတွက် ညနေစာက Perfect ပင်။ ကိုရီးယားဇာတ်လမ်းတွဲကြည့်ရင်းညနေစာစားနေစဉ် ရုပ်ရှင်ထဲက မင်းသားကိုမြင်တော့ မဆီမဆိုင် ညနေက အဆင်လေးကို သတိရမိသေးသည်။ အပြင်ပန်းပုံစံကတော့ နှောင်းလိုချင်တဲ့၊ သဘောကျတဲ့ ပုံစံမျိုးပင်။ တွေးရင်း မျက်နှာပူလာသလို ခံစားရတာကြောင့် တွေးလက်စကို ဖြတ်ကာ လုပ်စရာရှိတာဆက်လုပ်ပြီး ညဘက်အိပ်ရာဝင်လိုက်တော့သည်။ 

💕💕💕💕💕💕💕💕💕💕

သန့်စင်ခန်းထဲက မှန်ရှေ့မှာ ‌မိတ်ကပ်ဘူးလေးဖွင့်ပြီး 
အဆီပြန်ချင်တဲ့နေရာလေးတွေကို ကြည့်ကောင်းအောင်
ပြင်ဆင်လိုက်ပြီးနောက် နှုတ်ခမ်းနီလေးကို ထုတ်ဆိုးလိုက်သည်။ ဆံပင်လေးကို လက်လေးနဲ့အသာသပ်လိုက်ပြီးနောက် ကိုယ့်ကိုကိုယ်မှန်ထဲပြန်ကြည့်ပြီး စိတ်တိုင်းကျသွားတာနဲ့ သန့်စင်ခန်းထဲကထွက်လာကာ မိမိစားပွဲရှိရာသို့ပြန်လျှောက်လာလိုက်သည်။ စားပွဲမှာထိုင်ပြီး စလင်းဘတ်အိတ်ထဲ ပစ္စည်းစုံမစုံစစ်ကြည့်ပြီးနောက် လုပ်ဖော်ကိုင်ဖက်တွေကို နှုတ်ဆက်ဖို့ ကြည့်လိုက်တော့ နှောင်းရဲ့ဂျူနီယာဖြစ်တဲ့ ဧပရယ်က မသူဇာနဲ့ ခေါင်းချင်းဆိုင်ပြီး မျက်စိမျက်နှာပျက်နေတဲ့အပြင် ကျန်တဲ့သူတွေလည်း မျက်နှာကမသာမယာနဲ့မို့

"မသူဇာ ဘာဖြစ်နေကြတာလဲဟင်"

"ဒီမှာလေ အမှာစာပိုင်းမှာ ပြဿနာတက်နေလို့"

💕 Feeling of Love 💕 (Unicode Ver)Where stories live. Discover now