💕100% Falling in Love💕

Start from the beginning
                                        

"ဟဲ့ Kpop မှာ အသက်အရွယ်ဆိုတာမရှိဘူးနော်.. 
သဘောပေါက်"

"ဟုတ်ပါတယ်.. ငါလက်ခံပါတယ် ဒါပေမယ့် နင်က 
အဲ့ဒီမင်းသားချောချောလေးတွေကို ကြည့်ပြီး
ရူးသွပ်နေတော့ နင့်လာကြိုက်သမျှ လက်တွေ့ဘဝထဲက 
ယောကျာ်းလေးတွေကိုကျတော့ နင်မမြင်တော့ဘူးလေ.. အဲ့ဒါကိုပြောတာ.. နင့်အသက်လည်း မငယ်တော့ဘူးနော် အခုချိန်ထိ နင်ရည်းစားမရသေးရင်
နင်ဘယ်အချိန်လက်ထပ်မှာလဲပြော"

"နိုင်ငံခြားမှာတောင် မင်းသားမင်းသမီးတွေဆို 
အသက် ၄၀ နားကပ်တော့မှ ယောကျာ်းယူကြတာကို"

"ဒါဆို နင်အသက် ၄၀ ရောက်တဲ့အခါကျရင် သူတို့လို 
နင်က ရှိသင့်ရှိထိုက်တာတွေနဲ့ လှနေဦးမှာလား.. ကျန်းမာရေးက ဒေါင်ဒေါင်မြည်နေဦးမှာတဲ့လား.. 
နင်လည်း ဂျီးမများ‌နဲ့တော့.. နင်လိုချင်တဲ့ ပြီးပြည့်စုံတဲ့
ယောကျာ်းဆိုတာ ဒီကမ္ဘာပေါ်မှာ မရှိဘူး"

"အာ့ကြောင့် ဒီတစ်ခါတော့ မနက်ဖြန်တွေ့ဖို့ပါ 
ချိန်းလိုက်တယ်"

"ဘာ!!!"

"ဟဲ့ တိုးတိုး"

Market Place မှာ ဈေးဝယ်နေတဲ့သူတော်တော်များများက နှောင်းတို့ကို လှည့်ကြည့်လာတာကြောင့် လင်း ပုခုံးကိုရိုက်ပြီး အသံတိုးဖို့သတိပေးရသည်။ အဖြစ်အပျက်အကြောင်းစုံကို ပြောပြလိုက်တော့မှ

"ဟဲ့ ဒါဇာတ်လမ်းနော်.. မိနှောင်းဆီ မြှားနတ်မောင်
ရောက်လာပြီထင်တယ်"

"ဟင်းးးး ခက်တာက မနက်ဖြန် မန်းဒေးလေ..
ငါ့အလုပ်က ၅နာရီမှ ဆင်းမှာ.. သူပြောတဲ့ 
ဒီလိုအချိန်ဆိုတာ နေ့လည် ၂နာရီဝန်းကျင်လေ.. 
ငါက ဘယ်လိုလုပ်ရပါ့မလဲ"

"အေး ဟုတ်သားပဲ.. ဒါဆိုလည်း နင်နေ့တဝက်
ခွင့်ယူလိုက်ပေါ့ဟ.. ဒီနှစ်ထဲ နင်တစ်ရက်မှ
ခွင့်မယူရသေးဘူးမလား"

"အွန်း.. အဲ့လိုပဲ လုပ်ရမှာပေါ့"

နှစ်ယောက်သား လှည်းလေးတွန်းကာ ငွေရှင်း ကောင်တာဆီရောက်တော့ Card နဲ့ ငွေရှင်းပြီး 
ထွက်လာလိုက်သည်။ အထုတ်တွေလည်းပါနေတာကြောင့် Taxi ငှါးလိုက်ပြီး လင်းကတော့ နှောင်းတို့လမ်းထိပ်မှာပဲ ဆင်းသွားသည်။

💕 Feeling of Love 💕 (Unicode Ver)Where stories live. Discover now