💕100% Falling in Love💕

Comenzar desde el principio
                                        

"ကျွန်မက တဲ့တိုးသမားဆိုတော့
ပွင့်ပွင့်လင်းလင်းပဲမေးလို့ရမလား"

"ဟုတ်ကဲ့ မေးပါ"

"ကျွန်မကိုယ့်ကိုကိုယ် အထင်ကြီးနေတာတော့
မဟုတ်ပေမယ့် ကိုစေညွှန်ရာပြောတဲ့ မိတ်ဆွေ
သူငယ်ချင်းအဆင့်ထက် ပိုမလာဘူးဆိုတာကို
အာမခံနိုင်လား"

"ဗျာ!!! ဟွန့်ဟွန့်!.. ကျွန်တော်အာမမခံနိုင်ပါဘူး..
ဘာလို့လဲဆိုတော့ မနှောင်းရိပ်ငယ်ကို ကျွန်တော်
မြင်မြင်ချင်းစိတ်ဝင်စားမိလို့ပါ"

ထိုစကားကိုတော့ စေ ရှေ့တည့်တည့်မှာထိုင်နေတဲ့
သူမကို တည့်တည့်ကြည့်ပြီးပြောလိုက်တာပင်။
စေ့စကားကြောင့် သူက ပြုံးချင်ချင်ဖြစ်သွားတဲ့နှုတ်ခမ်းတွေကို မပြုံးမိအောင်ထိန်းထားရင်း စေ့ထံမှ
အကြည့်ကိုလွှဲသွားသည်။ မှာထားတဲ့စားစရာတွေ
လာပို့တဲ့စားပွဲထိုးလေးကြောင့် ပြောလက်စ စကားတို့
ရပ်တန့်သွားပေမယ့် စားပွဲထိုးလေးထွက်သွားတာနဲ့ စေက

"ပြီးတော့ ကျွန်တော် Mobile Banking
သုံးတယ်"

သူမရဲ့အံသြတဲ့အကြည့်တွေ စေ့ထံပြန်လည်ရောက်ရှိလာပြီးနောက်

"မနေ့ကပြောတော့ မသုံးဘူးဆို..
လူထူးလူဆန်းလို့တောင် ထင်သွားတာ..
ဘာလို့လိမ်ပြောတာလဲ"

"မနှောင်းရိပ်ငယ်နဲ့ဒီနေ့ထပ်တွေ့ချင်လို့လေ..
ကျွန်တော်သာ သုံးတယ်လို့ပြောလိုက်ရင်
မနေ့ကတည်းက ငွေလွှဲပေးပြီး တစ်ခါတည်း
ဆက်ရန်မရှိ‌ဖြစ်သွားမှာပေါ့"

"ဒီတော့ ကိုစေညွှန်ရာ ဒီနေ့အကြာကြီး
စောင့်လိုက်ရတယ်လေ"

"ဒါပေမယ့် ဒီနေ့လိုမျိုး လက်ဆုံအတူတူ
စားခွင့်ရလိုက်တယ်လေ"

ပန်းကန်ကိုမွှေနေတဲ့သူမက စေ့ကို မျက်လုံးနဲ့ဝင့်ကြည့်ကာ ပြုံးပြပြီး

"ကျွန်မတော့ ဘာပြောလို့ပြောရမှန်းကိုမသိတော့ဘူး..
ကိုစေညွှန်ရာ တကယ်ကိုစကားပြောကောင်းတယ်"

💕 Feeling of Love 💕 (Unicode Ver)Donde viven las historias. Descúbrelo ahora