𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟸𝟶《စူပါမားကတ်*ကုန်တိုက်ကို အပြောင်ရှင်းခြင်း 》

Start from the beginning
                                    

ကျန့်ယွင်နှင့် စုရွေ့ကျယ်တို့ ကားအနီးသို့ရောက်လာသောအခါ သူတို့သည် ဖုတ်ကောင်နှစ်ကောင်၏အာရုံအားဆွဲဆောင်လိုက်ကြသည်။ ၎င်းတို့သည် ချက်ချင်းလှည့်ကာ ၎င်းတို့၏ပါးစပ်များအားဖွင့်လျက် သူတို့ဆီသို့ပြေးသွားကြသည်။ ၎င်းတို့၏ ရုပ်ပိုင်းဆိုင်ရာပြဿနာများကြောင့်ဖြစ်ပုံရကာ လှုပ်ရှားမှုများသည် အတော်လေး တောင့်တင်းနေလေသည်။

စုရွေ့ကျယ်သည် ဖုတ်ကောင်အသေးလေး၏တိုက်ခိုက်မှုအား အလွယ်တကူပင် ရှောင်ရှားလိုက်ပြီး ၎င်း၏ခန္ဓာကိုယ်တခြားတစ်ဖက်သို့သွားလိုက်ကာ ဦးနှောက်ထဲသို့ထိုးခွဲလိုက်သည်။ ဖုတ်ကောင်အသေးလေးသည် မြေပြင်ပေါ်သို့ကျယ်လောင်စွာလဲကျသွားလေတော့သည်။

အခြားဖုတ်ကောင်အမျိုးသမီးအား ကျန့်ယွင်၏လက်များဖြင့် အလွယ်တကူဖြေရှင်းလိုက်လေသည်။

စုန့်ချန်ရှုသည် ချက်ချင်းကားတံခါးအားလော့ဖွင့်လိုက်ကာ နှစ်ယောက်စလုံးအားကားပေါ်သို့အမြန်တက်စေလိုက်သည်။

“သွား, ကုန်တိုက်ကိုသွား ”

ကျန့်ယွင်သည် ဓာတ်ဆီဆိုင်၏မနီးမဝေးမှ မိသားစုများအတွက်ဈေး၀ယ်ရန်အတွက်တည်ဆောက်ထားသော တစ်နေရာတည်းတွင်ဈေး၀ယ်နိုင်သောကုန်တိုက်ကြီး(one- stop shopping mall)တစ်ခုဆီသို့လမ်းညွှန်လိုက်သည်။ ၎င်းသည် နိုင်ငံခြားဆိုင်ခွဲတစ်ခုဖြစ်ကာ ဈေးသက်သက်သာသာနှင့်၀ယ်နိုင်သော ကုန်ပစ္စည်းအမျိုးအစား အများအပြားရှိသဖြင့် သူတို့အပြောင်ရှင်းဖို့သွားရန်အတွက် သင့်လျော်ချေသည်။

စုန့်ချန်ရှုသည် ပြတင်းပေါက်ရှိ သွေးစက်များကိုကြည့်လိုက်ကာ ခက်ခက်ခဲခဲ တံတွေးမြိုချလိုက်ပြီးနောက် အရှိန်ပြင်းပြင်းမောင်းထွက်သွားလိုက်သည်။

ကုန်တိုက်သည် ဓာတ်ဆီဆိုင်မှ သိပ်မဝေးချေ။ ကားမောင်းရန် ဆယ်မိနစ်လောက်သာကြာသည်။ ညနေပိုင်းတွင် လမ်းမပေါ်တွင် လမ်းသွားလမ်းလာအများကြီးမရှိချေ။ လမ်းပေါ်တွင် တောင့်တင်းစွာ‌လမ်းလျှောက်နေကြသော ဖုတ်ကောင်များသာ ပျံ့နှံ့နေကာ ဂျစ်ကားဖြင့်အပြင်းအထန်တိုက်ပြီး မောင်းထွက်လာခဲ့ကြသည်။

My Cherry Will Explode in the Apocalypse 《Myanmar Translation》Where stories live. Discover now