ကိုယ့်ကို ဆူဆူအောင့်အောင့်နဲ့ အလိုမကျသလို
ပြောလာတဲ့ သူငယ်ချင်းကြောင့် ---

" ငါ အခုမှ တစ်ခါလေးရိုက်မိတာကို ဘယ်လိုတွေ
တောင်နှိပ်စက်တယ်ဆိုတဲ့ ခေါင်းစဉ်အောက် ထိုး
ထည့်နေရတာတုန်း ၊ ငါရိုက်လိုက်တဲ့အချိန် သူ့ဟာသူအားနည်းနေတဲ့အခံနဲ့ မူးလဲသွားလို့သာ ဒီတိုင်း
ပြီးသွားတာ ၊ နို့မို့ဆိုရင် ငါ့ကိုဆယ်ချက်လောက်
ပြန်ထိုးမယ့်ကောင် ၊ သက္ကရာဇ်အကြောင်း မင်း
ဘယ်လောက်သိလို့လဲ ၊ သူ့ သွားထိမိရင် ငြိမ်ခံ
နေမယ့်ကောင်မဟုတ်ဘူး "

" သက္ကရာဇ်အကြောင်းကို မင်းလောက်မသိပေမယ့်
မင်းနဲ့စပြီးပတ်သက်ထဲက ငါ့လက်လှမ်းမှီသလောက် စုံစမ်းထားပြီးသားပါကွာ ၊ မင်းကဒေါသနဲ့ရိုက် လိုက်တာကို သူနေကောင်းနေရင်တောင် လက်
တုန့်ပြန်မယ်မထင်ဘူး ၊ ဒီကောင်လေးက မင်းကို
တကယ်ချစ်တာပါ ၊ အများအမြင်မှာ အရမ်းဆိုး
မိုက်နေတာလူလို့ထင်ရတဲ့ တစ်ချို့ ကလေးတွေမှာ ငါတို့လိုက်မမှီနိုင်နဲ့ နူးညံ့သက်ဝင်တဲ့စိတ်လေးတွေ
ရှိတက်တယ် ၊ သက္ကရာဇ် ပုံစံကကလဲ အဲလို
ကလေးမျိုးပဲလို့ ငါတော့ထင်တယ် ၊ အပြင်ပန်းပုံစံက ရိုင်းစိုင်းတယ်ထင်ရပေမယ့် သူ့အတွင်းစိတ်က အစွမ်းကုန်ချစ်တက်မယ့်ကောင်လေးပါ ၊ မင်းကို ငါသတိပေးလိုက်မယ်နော် ၊ မင်းသူ့အပေါ်မှာ ဘယ် လိုသဘောထားနေလဲ ၊ သူ့အမကြောင့် သူ့ကိုကပ်
နေတာပါလို့တော့ ငါ့ကိုလာမပြောနဲ့ ၊ တစ်လောကလုံး မင်းစကား ကိုယုံရင်တောင် ငါကမယုံဘူး ၊
မင်း သူ့အပေါ်ကြည့်တဲ့အကြည့်တွေကအစ အရမ်း
နူးညံ့နေတာ ငါမြင်နေရတယ် "

နေလင်းရဲ့စကားကြောင့် ရှက်မိသွားသူက သိဒ္ဓိ
ကိုယ်တိုင်ပါပဲ ။ ကိုယ့်အကြည့်တွေ ကိုယ့်အမူအရာ
တွေက အဲလောက်တောင်သိသာနေခဲ့တာတဲ့လား ။

" သူတောင်းစားရယ် ၊ ငါ့အကြောင်းကိုအရမ်းသိနေတဲ့လူလို လုပ်ပြနေပြန်ပြီ "

" မင်းအကြောင်းကို မင်းက အသိဆုံးပါ ၊ အေး !
ငါကတော့ မင်းအကြောင်းကို ဒုတိယအသိဆုံးလူပဲ ၊ ငါ့စကားကို နောက်ပြောင်စရာလို လုပ်မနေနဲ့ ၊
မင်းအတွက်ငါပြောနေတာ ၊ သက္ကရာဇ် ကို မင်း
စိတ်ထဲကမပါတဲ့စကားတွေနဲ့ နှိပ်စက်မနေနဲ့ ၊
သည်းခံခြင်းက လမ်းဘေးကနေ ပေါပေါပဲပဲဝယ် လို့ရနေတဲ့ အပေါစားပစ္စည်းမဟုတ်ဘူး ၊ သူ့စိတ်ထဲ
က ခံနိုင်ရည်အင်အားထက် ကျော်သွားတဲ့တစ်နေ့ ကျရင် ၊ အဲတော့ကျရင် မင်းရင်နာရတဲ့အချိန်တွေ
ရောက်လာလိမ့်မယ် ၊ တန်ဖိုးထားပါ သိဒ္ဓိရယ့် ၊
အနားမှာရှိနေတုန်းတန်ဖိုးထား ၊ သဲနုငယ်လဲ မင်း
ရိုက်ချလိုက်တာနဲ့တင် လုံလုံလောက်လောက်နာကျင်နေမှာပါ ၊ မင်း က ရာဇ်နဲ့သူ့မိသားစုကို ခြွဲခား
မြင်လိုက်တော့ ၊ ချစ်သောသူနဲ့ ကွေ့ကွင်းရတဲ့ ဒုက္ခကို ဘာလို့များ ဒုတိယမ္ပိလက်ခံယူမလဲ ၊ အဲဒုက္ခ
က ဘယ်လောက်တောင်ဆိုးသလဲဆိုတာ မင်းသိ
နေတယ်လေ ၊ ပထမတစ်ခါက အခြားသူရဲ့
ပယောဂကြောင့် အဲလိုဒုက္ခကို မင်းခံရတာ ၊ မင်းမှာ
ကြိုတင်ပြင်ဆင်ခွင့်မရှိလိုက်ဘူး ၊ ဒီတစ်ခါတော့
မင်းကိုယ်တိုင်ကြောင့်ပဲ အဲဒုက္ခတွေ မင်းဆီရောက် မလာစေနဲ့ ၊ ငါပြောတာကြားလား "

My Oleander Hubby ( Completed ) Where stories live. Discover now