📨နှောင်းရေ.. ဒီနေ့နင်အားလား.. ငါတို့Shopping ထွက်ရအောင်လေ.. ငါဝယ်စရာလေးရှိနေလို့📨
📨အိုခေ နောက် နာရီဝက်နေရင်တွေ့မယ်📨
စာပို့ပို့ပြီးချင်းပဲ
🎶Maybe we're perfect strangers
Maybe it's not forever🎶
"ဟယ်လို လင်း.."
"ဟဲဟဲ ငါအခုအိမ်ကထွက်လာပြီဟ.. နောက်ဆယ်မိနစ်နေရင် နင့်ဆီရောက်ပြီ"
"ဟဲ့ ငါ့အခုမှရေချိုးပြီးတာဟ.. ပြင်ရဆင်ရဦးမယ်ဟဲ့.. နင်ရောက်နေရင်လည်း တက်ခဲ့လိုက်နော်"
နှောင်း ဖုန်းကိုချလိုက်ပြီး ပေါ့ပေါ့ပါးပါးတီရှပ်အဖြူရောင်ကို Corduroy Wide-Leg Pant နဲ့တွဲဖက်ဝတ်ဆင်လိုက်သည်။ မယ်မင်းကြီးမကရောက်တော့မှာမို့ တိုနာနဲ့နို့ရည်လိမ်းပြီးတာနဲ့ Tone Up Cream ကို အမြန်လိမ်းကာ စားပွဲပေါ်တင်ထားတဲ့ ဖုန်းနဲ့ နံရံမှာချိတ်ထားတဲ့ပိုက်ဆံအိတ်ကိုလွယ်ကာ လက်ကကိုင်ကာထွက်လာလိုက်သည်။ တံခါးသော့ခတ်ခါနီးမှ သတိရတာကြောင့် အိမ်ထဲအမြန်ပြေးဝင်ပြီး ဝရံတာမှာ ထုတ်လှမ်းထားတဲ့ စောင်နဲ့အိပ်ရာခင်းတွေကို မိုးရွာရင်ရေမစိုအောင် ၀ရံတာအမိုးနားကို လိပ်တင်ထားတဲ့ ပလတ်စတစ်အကြည်ရောင်ကို ဖြည်ချလိုက်ပြီး ဝရံတာကစတီးချောင်းတွေမှာ ကလစ်ခပ်ကြီးကြီးနဲ့ ပလတ်စတစ်အောက်နားကို ညှပ်ချလိုက်သည်။ မိန်းခလုတ်တွေချပြီး အခန်းသော့ခတ်ပြီးတာနဲ့ ကားမှတ်တိုင်မှာ ရောက်နေပြီဆိုတဲ့ မမကြောင့် ကားမှတ်တိုင်ကို အသည်းအသန်ပြေးရသေးသည်။ နောက်ကျရင် အစ်မတော်ရဲ့ရွှေစိတ်တော်ညိုမှာလည်း စိုးရသေးတာကိုး။
လင်း က Skin care ကုန်ခါနီးပြီမို့ သူဝယ်နေကျကောင်တာက JC မှာပဲရှိတာကြောင့် မြို့ထဲကို နှစ်ယောက်သားချီတက်လာကြသည်။
"ဟဲ့ ငါတစ်ခုခုစားမှဖြစ်တော့မယ်..
မနက်စာပဲစားရသေးတာ ဗိုက်တွေဆာနေပြီ"
ဆူးလေမှတ်တိုင်မှာဆင်းဆင်းခြင်း တဂွီဂွီမြည်နေတဲ့ဗိုက်ကို အရင်ဖြည့်ဖို့လုပ်ရတယ်။
"JC ရောက်မှ စားမယ်လေ"
"အဲ့မှာ ထိုင်စရာနေရာတောင်ရမှာမဟုတ်ဘူး.. ငါက လသာဘက်က ထမင်းပေါင်းစားချင်နေတာ"
💕Who are you?💕
Start from the beginning
