💕💕💕💕💕💕💕💕💕💕
၂ လခန့်ကြာသော်....
နှောင်းတို့အကုန်လုံး စွမ်းစွမ်းတမံကြိုးစားမှုကြောင့် ဒီဇိုင်းသစ် ထုတ်လုပ်ရေးပိုင်းမှာ အခက်အခဲကြီးကြီးမားမားမရှိပေ။ ဒီလကုန်ရင် စက်ရုံဘက်က အထည်တွေရပြီမို့ နောက်ပိုင်း ကြော်ငြာကိစ္စနဲ့ ဖြန့်ချီရေးပိုင်းအတွက်ပဲ အာရုံစိုက်ရတော့မှာကြောင့် အသက်ရှုချောင်သွားတာတော့ အမှန်ပဲ။ မနေ့ကထိ ရေကုန်ရေခမ်းစိတ်နှစ်ထားတာဆိုတော့ ဒီနေ့ပိတ်ရက်မှာ နှောင်း မနက် ၁၀နာရီလောက်ထိ အိပ်နေမိသည်။ ညက မိုးကသည်းကြီးမည်းကြီးရွာထားတာမို့ ရာသီဥတုကအေးအေးလေးနဲ့ အိပ်လို့ကောင်းကောင်းနဲ့အိပ်လိုက်တာ မနက်ထိတစ်ရေးပင်။ အိပ်ရာပေါ်လူးလိမ့်နေရင်း မနက်စာလည်း ပြင်ချင်စိတ်မရှိတာကြောင့် ဖုန်းကိုယူပြီး မနက်စာ နန်းကြီးသုပ်နဲ့ လက်ဖက်ရည်ချိုစိမ့်တစ်ခွက်ကို Delivery နဲ့ မှာလိုက်သည်။ အိပ်ရာထလိုက်တာနဲ့ ခပ်တိုတိုဆံပင်တွေက ခြင်္သေ့ခေါင်းဖြစ်နေတာမို့ လက်နဲ့သပ်ချလိုက်ပြီး ခုတင်ပေါ်မှဆင်းကာ ရေချိုးခန်းထဲဝင်လိုက်သည်။ မျက်နှာသစ်သွားတိုက် တစ်ကိုယ်ရည်သန့်ရှင်းရေးလုပ်ပြီးတာနဲ့ တံခါးဘဲလ်သံမြည်လာတာမို့ သွားဖွင့်ပေးလိုက်တော့ နှောင်းရဲ့မနက်စာပင်။
ဗိုက်ဆာဆာနဲ့စားလိုက်တာ နန်းကြီးသုပ်တစ်ပွဲက ခဏလေးနဲ့ကုန်သွားသည်။ ရာသီဥတုအခြေအနေကို ကြည့်လိုက်တော့ ညကအငြိုးတကြီးရွာချထားတဲ့ ကောင်းကင်နဲ့မတူပဲ ကြည်လင်နေတာကြောင့် အိပ်ရာခင်းနဲ့စောင်တွေကို လျှော်ဖို့လုပ်ရသည်။ အနည်းဆုံး တလတစ်ခါတော့ လျှော်နေကြမို့ အလုပ်ရှုပ်နေတာနဲ့ ၂လလောက် မလျှော်ဖြစ်တာကြောင့် အိပ်ရတာတောင် စနိုးစနောင့်ဖြင့်။ အိပ်ရာခင်းတွေကို အဝတ်လျှော်စက်ထဲထည့်လိုက်ပြီး အခန်းသန့်ရှင်းရေးကိုပါ တစ်ပါတည်းလုပ်လိုက်သည်။ ဒီနေ့ပိတ်ရက်ပေကိုး။ လျှော်စရာရှိတာလျှော် လှန်းစရာရှိတာလှမ်းပြီးနောက်မှာတော့ ရေချိုးဖို့လုပ်ရတယ်။ ရေချိုးခန်းကထွက်လာတော့ စားပွဲပေါ်တင်ထားတဲ့ ဖုန်းဆီမှာ စာဝင်နေတယ်ဆိုတဲ့အချက်ပြမီးလေးလင်းနေတာကြောင့် ယူကြည့်လိုက်တော့ လင်းဆီကဖြစ်သည်။ ဖုန်းခေါ်ထားတာလည်းတွေ့တာကြောင့် ပို့ထားတဲ့ SMS ကို ကြည့်လိုက်တော့
💕Who are you?💕
Start from the beginning
