💕Who are you?💕

Start from the beginning
                                        

ဒီဇိုင်းဌာနက အစ်မရဲ့ပြောစကားကြောင့် မမမြတ်က နှောင်းကို လှမ်းကြည့်လာသည်။

"နှောင်းဘက်ကအမြင်ကရော.. ဒီနောက်ပိုင်း မြတ်တို့ဘက်က Brand အခြေအနေနဲ့ ဈေးကွက်အခြေအနေလေး ပြောပြပါဦး"

"နှောင်းတို့ Brand ကို စတင်တည်ထောင်တည်းက  နာမည်ကြီး Brand တွေ နိုင်ငံခြားကနေတောင် 
ဈေးကြီးပေးဝယ်နေရတဲ့ဒီနိုင်ငံက မိန်းကလေးတွေ
အတွက်ကို ရည်ရွယ်ခဲ့တာပါ.. ဒါကြောင့် ဘာ Product ပဲ ထုတ်ထုတ် နှောင်းတို့အတွက် ပထမဦးစားပေး Customer က ဒီနိုင်ငံက မိန်းကလေးတွေပါပဲ.. သူတို့နဲ့လိုက်ဖက်တဲ့ ဒီဇိုင်းတွေကို ပိုစဉ်းစားပေးသင့်တယ်လို့မြင်တယ်.. နောက်ပြီး နှောင်းတို့ရဲ့ဒီဇိုင်းတွေကို ရာသီဥတုမရွေး ဝတ်စေချင်တာ.. Winter Season ထုတ်မို့ Winter မှာပဲ ဝတ်လို့ရမယ့် ဒီဇိုင်းတွေမဖြစ်စေချင်ဘူး.. နှောင်းတို့ Brand က ခုနောက်ပိုင်း လူလတ်ပိုင်း အမျိုးသမီးတွေကြားထဲမှာပါ ရေပန်းစားလာပါပြီ.. ပြီးခဲ့တဲ့ ၃လအတွင်း ရောင်းချမှုပိုင်းကိုကြည့်မယ်ဆိုရင် Casual Dress တွေက ပိုပြီး ရောင်းနေရတယ်.. ဒီတစ်ခေါက် Winter Season အတွက်ကို လူလတ်ပိုင်းအမျိုးသမီးတွေအတွက် Colour ကို ပိုပြီး ထုတ်စေချင်တယ်.. ဒီဇိုင်းဌာနဘက်က အဆင်ပြေရင်ပေါ့"

"အစ်မတို့ဘက်က အရောင်တွေကို ပြန်ပြီးစိစစ်လို့ရပါတယ်.. အရောင်ငြိမ်ငြိမ်လေးတွေ Nude Colour လေးတွေကို အဓိကထားပြီး ပြင်ဆင်ကြည့်လိုက်မယ်လေ"

"အခုက ၇လပိုင်းထဲမှာ ဆိုတော့ Winter Season အမှီဆို နောက်လာမယ့်အပတ်ထဲ ရမယ်ဆိုရင်တော့ အဆင်ပြေနိုင်မယ်ထင်တယ်နော်.. ထုတ်လုပ်မယ့်အပိုင်းဘက်ကို အချိန်ပေးဖို့လိုသေးတော့ ဒီဇိုင်းဌာနဘက်က အဆင်ပြေရင် မြန်မြန်လေးဆုံးဖြတ်ချက်ချစေချင်ပါတယ်"

"အိုခေလေ.. အစ်မတို့ကြိုးစားကြည့်တာပေါ့.. ဒါဆို 
ဒီဒီဇိုင်း ၃ခုကို နမူနာချုပ်ပြီး အစ်မတို့ သန်ဘက်ခါ‌ 
ပြန်တင်ပြပါ့မယ်"

"ဟုတ်ပြီ ဒါဆို မြတ်တို့ ‌သန်ဘက်ခါအစည်းအဝေးကို နေ့လည် ၂နာရီမှာ လုပ်ကြတာပေါ့"

ပြောပြီးတာနဲ့ မမမြတ် ထိုင်ခုံက ထကာ အားလုံးကို 
နှုတ်ဆက်တာကြောင့် အခန်းထဲရှိ လူအားလုံး 
မတ်တပ်ရပ်ကာ နှုတ်ဆက်လိုက်သည်။ မမမြတ်
ထွက်သွားတော့မှ ကျန်တဲ့ဝန်ထမ်းတွေက အလျိုလျို 
အခန်းထဲကထွက်လာခဲ့လိုက်သည်။ ဒီဇိုင်းသစ်ထုတ်
တော့မယ်ဆိုတော့ လောလောဆယ် ဒီဇိုင်းဌာနဘက်က 
အလုပ်များနေပေမယ့် ပြီးတာနဲ့ အလုပ်ရှုပ်တော့မယ့်သူက Brand Manager ဖြစ်တဲ့ နှောင်းဆိုတော့ 
အခုကတည်းက စီစဉ်စရာရှိတာတွေ စီစဉ်ဖို့ စားပွဲမှာ ခေါင်းစိုက်ထားလိုက်တော့တယ်။

💕 Feeling of Love 💕 (Unicode Ver)Where stories live. Discover now