💕Who are you?💕

Start from the beginning
                                        

"သိပါတယ်ကွာ မင်းကတစ်မှောင့်.. ဒါပဲမလား 
ငါဖုန်းချလိုက်တော့မယ်"

"အေး.. မနက်ဖြန် သန်ဘက်ခါ မင်းစတူဒီယိုအတွက် 
ငါတို့အခန်းသွားကြည့်မယ်.. မင်းအားမယ့်အချိန်ပြန်ပြော"

"အိုခေ"

ကောင်းပြည့်နဲ့ဖုန်းပြောပြီး ဖုန်းကိုစားပွဲပေါ်တင်ကာ 
အကြည့်တွေက Notebook ပေါ်မှာရှိတဲ့ သူမရဲ့
ပန်းချီလေးဆီရောက်သွားပြီး ဘယ်သူမှန်းမသိတဲ့ သူမနဲ့ 
နောက်တစ်ကြိမ်တွေ့ခွင့်ရဖို့ ဆုတောင်းမိသည်။ 

မင်းဘယ်သူများလဲ။

💕💕💕💕💕💕💕💕💕💕

"ဒါက ဒီနှစ် Winter Season အတွက် ကျွန်မတို့ 
ဒီဇိုင်းဌာနရဲ့နောက်ဆုံးရွေးချယ်ထားတဲ့ ဒီဇိုင်းတွေပါ"

အခန်းထဲမှာရှိတဲ့သူတွေရဲ့ အကြည့်တွေက Projector မှာ ပေါ်လာတဲ့ ဝတ်စုံဒီဇိုင်းတွေဆီ ရောက်သွားသည်။

"ဒီနှစ်ရဲ့ Winter Season မှာ Peach Colour က ရေပန်းစားမယ်လို့ နိုင်ငံတော်တော်များများက ခန့်မှန်းနေကြတယ်.. ဒါကြောင့် ကျွန်မတို့က Peach ကို အဓိကထားပြီး ကာလာရွေးသုံးထားတာပါ.. ဒီဒီဇိုင်းတွေထဲက အားလုံး စိတ်တိုင်းကျတဲ့ဒီဇိုင်းကို ပြန်ရွေးပေးကြပါဦး"

ဒီဇိုင်းဌာနက အစ်မနန်းစကားကို အားလုံးကထောက်ခံတဲ့သဘောဖြင့် ခေါင်းတညိမ့်ညိမ့်ဖြင့် နားထောင်ပြီး ရှေ့မှာရှိတဲ့ စက္ကူဖိုင်ထဲက ဒီဇိုင်းစာရွက်တွေကို ကြည့်နေကြသည်။နာရီဝက်နီးပါးထင်မြင်ယူဆချက်တွေကို ဆွေးနွေးကြရင်း နောက်ဆုံးမှာတော့ Winter Season အတွက် အားလုံးရွေးချယ်လိုက်တဲ့ ဒီဇိုင်းက ၃ခုသာ။

"ဒီ Body Fit Dress က ဘာပိတ်စသားနဲ့ 
ချုပ်မယ်စိတ်ကူးထားလဲ အစ်မ"

"အစ်မတို့ ဆွယ်တာသားထဲကပဲသုံးမယ်စိတ်ကူးထားတယ် နှောင်း"

"နှောင်းရဲ့အတွေးကတော့ ဆွယ်တာသားထက်စာရင် ဒီမှာ ဝတ်ဖို့အဆင်ပြေလောက်တဲ့ ပိတ်စသားမျိုးနဲ့ချုပ်ရင်ရော"

"ဒါပေမယ့် အခုအစ်မတို့ Brand က နိုင်ငံခြားဈေးကွက်ထိ ရောက်နေပြီလေ.. နိုင်ငံခြားမှာက ဆောင်းတွင်းဆို ဒီလိုဆွယ်တာသားမျိုးနဲ့ပဲအဆင်ပြေမှာလေ.. ဒါပေမယ့် ဒီနိုင်ငံမှာလည်း ဝတ်ရတာအဆင်ပြေအောင် အစ်မတို့အထူကြီးတော့ သုံးမှာမဟုတ်ပါဘူး"

💕 Feeling of Love 💕 (Unicode Ver)Where stories live. Discover now