ဆိုဖာမှာထိုင်ရင်း စာအုပ်ထဲကပုံကို ကြည့်ရင်း စေ
ပြုံးလိုက်မိသည်။ စေက နာမည်ကြီးပန်းချီဆရာဆိုပေမယ့် ပုံတူပန်းချီဆွဲတယ်ဆိုတာမရှိပေ။ ပုံတူပန်းချီဆို အရင်းနှီးဆုံးသူတွေပဲဆွဲပေးမယ်လို့ ကြွေးကြော်ထားပြီး အမှတ်တရအဖြစ် မိသားစုပုံတူတစ်ခုသာဆွဲဖူးတဲ့ စေက ဘယ်ကမှန်းမသိတဲ့မိန်းကလေးတစ်ယောက်ရဲ့ပုံတူကို ဆွဲခဲ့တယ် ဆိုပဲ။ နောက်ပြီး သူမကြောင့် ထိုအခိုက်တန့်လေးမှာ စေရင်ခုန်ခဲ့တယ်။ ပြုံးနေရာမှ မျက်စိထဲ သူမနဲ့အတူတူထွက်သွားတဲ့ ယောကျာ်းလေးပုံရိပ်ကိုပါ
မြင်ယောင်လာတော့ စေ ခေါင်းကို ခါမိတယ်။
သူတို့နှစ်ယောက်ရဲ့စကားပြောပုံဆိုပုံတွေက သာမန်ရင်းနှီးတာထက်ပိုနေတယ်ဆိုပေမယ့် ဘာကြောင့်မှန်းမသိ သူမရဲ့ချစ်သူမဟုတ်ပါစေနဲ့လို့ ဆုတောင်းနေမိတယ်။ လွန်ခဲ့တဲ့ ၄နှစ်နီးပါးက ဒဏ်ရာရခဲ့တဲ့ သူ့နှလုံးသားက ဒီနေ့မှာ သူမကြောင့် ရင်ခုန်လာခဲ့တယ်မလား။ ကျေးဇူးပြုပြီး သူမမှာ ပိုင်ရှင်မရှိဖို့ဆုတောင်းရင်း.....
🎶We're only gettin' older, baby
And I've been thinkin' about it lately... Does it ever drive you crazy
Just how fast the night changes?🎶
ဖုန်းဝင်လာတာကြောင့် ဘောင်းဘီအိတ်ထဲကထုတ်ကာ
ကြည့်လိုက်တော့ ကောင်းပြည့်ခေါ်နေတာမို့ ဖုန်းကိုင်လိုက်ကာ
"ဟယ်လို"
"ဟေ့ကောင်ရ.. မင်းပြောတော့ စတူဒီယိုအတွက်
အခန်းရှာမယ်ဆို.. ခုတော့ ဘယ်လိုဖြစ်တာလဲ"
"အေးကွ.. မိုးရွာနေတာနဲ့ အပြင်မထွက်ချင်တော့လို့"
"သေလေ.. သေလိုက်.. ငါ့မှာ မင်းနဲ့အတူတူသွားဖို့
ဒီအချိန်ကိုဖယ်ပေးထားတာ.. ပြီးတော့ ဒီနေ့မင်းကို
ရှယ်ယာရှင်တွေနဲ့မိတ်ဆက်ပေးမလို့လုပ်ထားတာ ခွေးသားရဲ့.. အားနာစရာတွေဖြစ်ကုန်ပြီ"
"မင်းကို ငါရှယ်ယာရှင်တွေနဲ့မတွေ့ချင်ပါဘူးလို့
ပြောထားပြီးသားလေ.. မင်းဟာမင်း ရှည်တာ
ကိုယ့်ဘာသာခံ"
"အော်ဟော်.. ဆရာသမားရေ ဒီကုမ္ပဏီမှာ မင်းက
ဒုတိယအများဆုံးရှယ်ယာရှင်ဆိုတာ မမေ့နဲ့"
💕Who are you?💕
En başından başla
