💕Who are you?💕

Start from the beginning
                                        

စာရွက်ပေါ်မှာ ခဲတံနဲ့ပုံဖော်ထားတဲ့ပုံရိပ်က မိန်းကလေးတစ်ယောက် စာဖတ်နေတဲ့ပုံရိပ်။ အတိအကျပြောရရင် ဒီနေ့ ကော်ဖီဆိုင်မှာ တွေ့ခဲ့တဲ့ မိန်းကလေးတစ်ယောက်ရဲ့ပုံရိပ်။ အမှန်တော့ စေ ကော်ဖီဆိုင်မှာ ထိုင်ဖို့အစီစဉ်မရှိပါ။ ကော်ဖီကို ပါဆယ်ဝယ်ရုံသာ။ ဒါပေမယ့် သူငွေရှင်းပြီးပြန်အလှည့်မှာ မျက်ဝန်းထဲဝင်လာတဲ့ ဆိုင်တံခါးကိုဖွင့်ဝင်လာတဲ့ အဝါရောင်အရိပ်လေးကြောင့်သာ။ 

ထိုမိန်းကလေးက ဆိုင်အပြင်အဆင်ကို မျက်လုံးဝေ့ကြည့်ပြီး မုန့်တွေစီတင်ထားတဲ့စင်နားသွားပြီး မုန့်တွေရွေးယူနေသည်။ ကိတ်မုန့်အစား ပေါင်မုန့်သာယူနေတာမို့ ပေါင်မုန့်ကိုပိုကြိုက်တဲ့ပုံပင်။ ပြီးတာနဲ့ ကောင်တာဘက်ကို အသွား သူ့ရှေ့ကဖြတ်သွားသည်။ ဘာကြောင့်မှန်းမသိ ထိုမိန်းကလေး ဘာဆက်လုပ်မလဲဆိုတာကို ငေးကြည့်နေမိသည်။ သူမက ဆိုင်မှာထိုင်မှာမို့ထင်တယ် ထိုင်ဖို့နေရာရွေးနေတဲ့သူမနောက်ကနေ စေ့ခြေလှမ်းတွေက ဦးတည်မိသည်။ 

သူမက ဝင်ပေါက်ဘက်ကို ကျောပေးထိုင်လိုက်တာကြောင့် ခပ်လှမ်းလှမ်းကနေ သူမကိုမြင်ရမယ့် ခုံမှာ သူမဘက် မျက်နှာချင်းဆိုင်ထိုင်လိုက်သည်။ ဒီလိုတွေလုပ်နေတဲ့ ကိုယ့်ကိုကိုယ်လည်း နားမလည်ပေ။ ဒါပေမယ့်
ဝဲဘက်ရင်ဘက်တစ်နေရာက စေခိုင်းမှုကြောင့် သူမရဲ့အပြုအမူတိုင်းကို စေ အသေးစိတ်လိုက်ကြည့်မိတယ်။ အရင်ဆုံး ပေါင်မုန့်တစ်လုံးကို စားရင်း ကော်ဖီသောက်နေတဲ့သူမရဲ့ လှုပ်ရှားမှု။ ပြီးတော့ စာအုပ်ကိုစိတ်ဝင်တစားဖတ်နေတဲသူမရဲ့ပုံရိပ်ကို ကြည့်ရင်း လက်တွေကအလိုလို Notebook ကို ထုတ်ကာ ခဲတံလေးနဲ့ သူ အကြည့်မလွှဲနိုင်တဲ့သူမရဲ့ပုံရိပ်ကို ပန်းချီအဖြစ် မှတ်တမ်းတင်ထားမိလိုက်သည်။ စေ့လို ပန်းချီဆရာတစ်‌ယောက်အတွက် ပုံတူပန်းချီဆွဲတယ်ဆိုတာ အချိန်အများကြီးပေးစရာမလိုသလို ခက်လည်း မခက်ခဲပေ။ ဆွဲလက်စပုံကို လက်စသက်ပြီး သူမကိုကြည့်လိုက်တော့ ‌မုန့်စားနေသည်။ ထိုအချိန်မှာပဲ သူမနောက်ကနေ ယောကျာ်းလေးတစ်ယောက်က ပုခုံးပေါ်လက်တင်လိုက်တာကြောင့် စေ သေချာကြည့်‌နေမိတာ ကိုယ့်ကိုကိုယ်တောင် သတိမထားမိ။ ပြီးတော့ ရယ်ရယ်မောမောစကားတွေပြောကာ မိုးဖွဲလေးတွေကြားမှာ နှစ်ယောက်သား ထီးတစ်ချောင်းတည်း အတူတူဆောင်းကာ 
ထွက်သွားကြသည်။ သူမတို့ထွက်သွားတာနဲ့ စေလည်း 
ဆိုင်ကထွက်ကာ အိမ်ကိုတန်းပြန်လာခဲ့တာဖြစ်သည်။

💕 Feeling of Love 💕 (Unicode Ver)Where stories live. Discover now