"အေးပါ ဒါပဲ"
"အွန်း"
ဦး နဲ့ ဖုန်းပြောပြီးတာနဲ့ ဖတ်လက်စစာအုပ်ကို ပိတ်ကာမှန်တံခါးချပ်တွေကတစ်ဆင့် မိုးရွာတာကို ငေးကြည့်နေမိသည်။ ၇ လပိုင်းဆိုတာ မိုးရာသီမှန်း သိသိရဲ့နဲ့
ထီးယူရမှာပျင်းတဲ့ နှောင်း။ မိုးရွာတာကို
သဘောကျပေမယ့် စိုစွတ်နေတဲ့အခြေအနေမျိုးကိုလည်း သဘောမကျပြန်ဘူး။ မိုးက သည်းတယ်လည်းမဟုတ်ပဲ ဖွဲဖွဲလေးရွာနေတာကြောင့် ကော်ဖီလေးသောက်လိုက် ပေါင်မုန့်လေးစားလိုက်နဲ့ အဆင်ကိုပြေနေတာ။ နှောင်း ပုခုံးတစ်ဖက်ကို လှမ်းကိုင်လိုက်တဲ့အထိအတွေ့ကြောင့် မော့ကြည့်လိုက်တော့ ဦး ပင်။ နှောင်း ဦးကို ရယ်ပြလိုက်ပြီး
"လာ.. ထိုင်ဦးလေ"
"မထိုင်တော့ဘူးလေ ၃နာရီထိုးခါနီးပြီ.. ငါတို့ ဟိုကိုပဲ
တန်းသွားလိုက်မယ်လေ"
"အိုခေ.. နင်ဘာစားလာလဲ တစ်ခုခုစားဦးမလား"
"ရတယ်.. ဟိုရောက်မှ လင်းကိုစောင့်ရင်း အတူတူ
စားကြတာပေါ့"
"အွန်း.. လာသွားမယ် နင်ထီးပါတယ်မလား"
"ပါတယ်.. နင်လည်း ထီးဆောင်တတ်တဲ့အကျင့်ကို
လုပ်ဦး.. တစ်ခုခုဆို....."
"ကဲ.. လာပါဟယ်"
ဦး လက်မောင်းကို အသာရိုက်လိုက်ပြီး ပြုံးပြကာ
လက်ကိုဆွဲပြီး ခေါ်လာခဲ့သည်။ ဆရာသမားက နို့မို့ဆို
ပြောလို့ဆိုလို့ပြီးမှာမဟုတ်။ ဆိုင်အဝင်နားမှာ ထီးတွေ
ထည့်ဖို့ထားထားတဲ့ ပုံးထဲကနေ ထီးကိုယူပြီး
အတူတူဆောင်းကာ Junction City ဘက်ကို
နှစ်ယောက်သား လမ်းလျှောက်ထွက်လာလိုက်သည်။
နှောင်းတို့နှစ်ယောက်ရဲ့ အဖြစ်အပျက်ကို အစအဆုံး
ကြည့်နေတဲ့ မျက်ဝန်းတစ်စုံကိုတော့ နှောင်းတို့
နှစ်ယောက်လုံး သတိမထားမိလိုက်ကြပေ။
💕💕💕💕💕💕💕💕💕💕
ခြံတံခါးကို Remote Control နဲ့ ဖွင့်လိုက်ပြီး
ကားကိုခြံထဲ မောင်းဝင်လာလိုက်သည်။ မိုးပွားလေးတွေ
ကျနေသေးတာကြောင့် ထီးမဖွင့်တော့ပဲ Notebook
နဲ့ ဖုန်းကို ပဲ ယူကာ အိမ်ရှေ့ Porch အောက်ကို
ပြေးလာခဲ့လိုက်သည်။ အိမ်တံခါးကို Digital Lock
System နဲ့မို့ သူ့လက်ဗွေရာနဲ့ ထိလိုက်ရင်ကို တံခါးက
ပွင့်သွားပြီဖြစ်သည်။ ဒီအိမ်က အစအဆုံး သူ့စိတ်ကြိုက်
ဆောက်ထားပြီး Scandinavian စတိုင်လ်ဖြစ်တာကြောင့် ဝင်ဝင်ချင်းမှာပဲ လျှောက်လမ်းပုံစံမျိုးနဲ့ ဘေးတစ်ဖက် တစ်ချက်ဆီမှာ နံရံကပ်ထားတဲ့ Shoes Storage ရှိသည်။ စီးလာတဲ့ဖိနပ်ကိုချွတ်လိုက်ပြီး အိမ်တွင်းစီးဖိနပ်ထုတ်စီးကာ Slide Door ကို ဖွင့်လိုက်တာနဲ့ သူ့အိမ်ရဲ့အတွင်းပိုင်း ပြင်ဆင်မှုကို တွေ့နိုင်သည်။ မီးဖိုချောင်ဘက် ဝင်လာပြီး ရေခဲသေတ္တာထဲက ရေဗူးထုတ်ကာ ဖန်ခွက်ထဲရေထည့်လိုက်ပြီး အဝသောက်လိုက်ပြီးတာနဲ့ ဆိုဖာပေါ်မှာ ထိုင်ကာ Notebook ကို ဖွင့်လိုက်ပြီး ဒီနေ့ သူဆွဲခဲ့တဲ့ပုံရိပ်လေးရှိရာ စာမျက်နှာသို့ လှန်လိုက်သည်။
💕Who are you?💕
Start from the beginning
