💕Who are you?💕

Start from the beginning
                                        

ကျသင့်ငွေကို ရှင်းကာ သူတို့လာပို့ပေးမည်ဟု
ဆိုသောကြောင့် ထိုင်လို့ကောင်းမယ့်‌ ဗျူးကောင်းတဲ့
နေရာကို ရွေးပြီးထိုင်လိုက်သည်။ စာအုပ်သွားရွေးချင်
ပေမယ့် မှာထားတာတွေလာမပို့သေးတာကြောင့် နံပါတ်
တုံးလေးကိုင်ကာ လာပို့မယ့်သူကိုမျှော်နေမိသည်။ 
၁ဝမိနစ် နီးပါးလောက်နေတော့ မုန့်တွေလာပို့တာကြောင့် လွယ်လာတဲ့ အိတ်ထဲက ပိုက်ဆံအိတ်အသေးလေးနဲ့ဖုန်းကို လက်ကကိုင်ပြီး စာအုပ်စင်ရှိရာဘက်ကို သွားလိုက်သည်။ နှောင်းထိုင်ခဲ့တဲ့ခုံမှာတော့ မိတ်ကပ်ဗူးနဲ့နှုတ်ခမ်းနီသာရှိတော့တဲ့ အိတ်လေးက နေရာယူထားသည်။ ဒါမှ
ဒီနေရာမှာ လူရှိမှန်းသိမှာလေ နော့်။ ဖတ်ချင်တဲ့စာအုပ်တွေ့တာနဲ့ ယူလာခဲ့လိုက်ပြီး နေရာမှာ ထိုင်ဖတ်နေလိုက်သည်။ စာအုပ်ထဲ နစ်မြောသွားတာစားပွဲပေါ်တင်ထားတဲ့ ဖုန်းလေးက Vibration ကြောင့် တုန်လာတော့မှ စာအုပ်ဆီကနေ အကြည့်လွှဲလိုက်တယ်။ တစ်ဖက်က
ခေါ်နေတဲ့သူကတော့ ဦး ပင်။

"ဟယ်လို"

"ဟယ်လိုနှောင်း.. ငါထွက်လာတော့မယ် 

နင့်ကိုလာကြိုရဦးမလား"

"ဟင့်အင်း.. လာမကြိုနဲ့တော့.. ငါ (.....)လမ်းက 
Book Cafe ကို ရောက်နေတာ..ငါ့ဘာသာလာ....... ဟယ်"

"ဘာဖြစ်တာလဲ"

"မိုး.. မိုးတွေရွာနေတယ်"

အဟုတ်ကို မိုးက တစ်ဖွဲဖွဲရွာနေတယ်။ ဘယ်အချိန်က 
ဘယ်လိုရွာချလိုက်မှန်းတောင် မသိလိုက်ပေ။ နာရီကြည့်တော့ ၂နာရီ၁၀မိနစ်။

"ဦးရေ.. ငါထီးမပါဘူးဟ.. မိုးကလည်း
ရွာမယ်မထင်ဘူးလေ.. ငါဘယ်လိုလုပ်ရမလဲ"

"နင် လက်မှတ်တွေဝယ်ပြီးပြီလား"

"အွန်း ဝယ်ပြီးပြီ"

"အာ့ဆို အဲ့မှာပဲစောင့်နေတော့.. ငါဝင်ခေါ်လိုက်မယ်.. မိုးတိတ်တိတ် မတိတ်တိတ်နော် နင်အဲ့မှာပဲ ငါ့ကိုစောင့်နေ.. မဟုတ်ရင် လွဲသွားဦးမယ်"

"အေးပါ.. ဟဲ့ အေးဆေးလာနော်.. ငါလက်မှတ်လည်း 
ဝယ်ထားပြီးပြီ.. မိုးမိမှာပဲကြောက်တာ.. လင်းကလည်း 
ရုပ်ရှင်ရုံကို တန်းလာမှာ.. အာ့ကြောင့် နင်အေးဆေး
လာလို့ရတယ်"

💕 Feeling of Love 💕 (Unicode Ver)Where stories live. Discover now