ပြောရင်း ဒေါသထွက်လာပြန်တော့ တစ်ယောက်မှ တုပ်တုပ်မလှုပ်ရဲဘဲ ခေါင်းငုံကာ ရပ်နေကြ၏။

"ဒုခေါင်းဆောင်တွေ ရှေ့ထွက်လာ..."

"ဟုတ်ကဲ့...ဒုဂိုဏ်းချုပ်..."

"မင်းတို့အဖွဲ့ 1ရဲ့ အဓိကတာဝန်က ဘာလဲ..."

"ဂိုဏ်းချုပ်ကို အဓိကထား စောင့်ရှောက်ဖို့ပါ..."

"တာဝန်ကျေခဲ့လား..."

"မကျေခဲ့ဘူး ဒုဂိုဏ်းချုပ်..."

"ကောင်းပြီ...လေ့ကျင့်ရေးကို အခုချိန်ကစပြီး ပုံမှန်ထက် 3ဆလုပ်ရမယ် ဒုခေါင်းဆောင်တွေက 5ဆ...မင်းတို့ကို များများမလေ့ကျင့်ပေးနိုင်လို့ ဒီလို ဖြစ်ရတာ...ရေကူးတာကအစ ​သေနတ်ပစ်တာအဆုံး Gun Smile နဲ့ Nani ကြပ်မတ်ပေးလိမ့်မယ်...ဒါ ငါအပြစ်ပေးတာဘဲ..."

လေ့ကျင့်ရေးဆင်းရတာ ဘယ်လောက်ပင်ပန်းလည်း ဒီကောင်တွေ အသိ။Gun Smile နဲ့ Nani သေချာ Train ပေးလိမ့်မယ်..ဒါမှ နောက် mission တွေ သေချာအာရုံစိုက်ကြမှာ...။

"ဒု...ဒုဂိုဏ်းချုပ်..."

"ပြော..."

"ဂိုဏ်းချုပ်ကိုပြောပေးပါ..ကျွန်တော်တို့ တောင်းပန်ပါတယ်လို့..."

"Ok..."

ပြောပြီး သိုလှောင်ကန်ဘက် ထွက်လာခဲ့လိုက်၏။တစ်ခြါးသူတွေကို အပြစ်မပေးခိုင်းဘဲ ဒီကောင်တွေကို သူကိုယ်တိုင် အပြစ်ပေးချင်တာ...နောက်ခါ White Dragon ဂိုဏ်းချုပ်ကို လာထိရင် ဘယ်လိုခံရမလဲဆိုတာ သေချာသိအောင်။
လှောင်ကန်ဆိုတဲ့နေရာက ဒီအတိုင်းနေရင်းတောင် အသက်ရူမဝဖြစ်ပြီး သေချင်စိတ်ပေါက်တဲ့ နေရာမျိုး။သူအပါအဝင် ဂိုဏ်းသားတွေအကုန်လုံး ဒီနေရာမှာ 15min ထက် ပိုမနေကြ။သိုလှောင်ကန်က အရင်က လက်နက် ဒါမှမဟုတ် အရက်ကဖြစ်ဖြစ် သိုလှောင်လို့ရအောင် တူးထားတဲ့ ကန်လိုသဘောမျိုးဖြစ်၏။ပတ်ဝန်းကျင်အခြေအနေကလည်း ကြည့်လိုက်တာနဲ့ စိတ်မနှစ်မျို့စရာ နေရာမျိုးဖြစ်တာကြောင့် ဂိုဏ်းချုပ်က ဒီနေရာကို ဒီအတိုင်းထားခိုင်းလိုက်တာဘဲ ဖြစ်၏။သူ...သိုလှောင်ကန်ထဲ ရောက်သွားတော့ ဟိုကောင်တွေကို ကြိုးနဲ့ ပူးပြီး ချည်ထားကြ၏။ရိုက်နှက်ထားသဖြင့် သတိလစ်နေကြပြီ ဖြစ်၏။ဒီကောင်တွေ မြင်ရရုံနဲ့ ငယ်ရဲ့ အဖြစ်အပျက်တွေကို ပြန်မြင်လာတာကြောင့် ဒေါသက ထွက်လာပြန်၏။ဘေးနားမှာ တွေ့တဲ့ ဓာတ်ဆီပုံးကို ဖွင့်ပြီး မျက်နှာတွေ တည့်တည့်ကာ ပက်ပစ်တော့ လူးလွန့်လာကြပြီး သတိရလာ၏။

Always With You (Completed)Où les histoires vivent. Découvrez maintenant