၁၅..သူရဲကောင်း

Magsimula sa umpisa
                                    

အေးခဲနေတဲ့ ရေကန်ထဲကိုခုန်ချရင်း အသက်ဆုံးရှုံးသွားနိုင်တယ်၊ဒီခန္ဓာကိုယ်နဲ့ ဓာတ်မတည့်တယ့်ပုဇွန်စားရတဲ့ ဇာတ်ကွက်ကလည်းအသက်ဆုံးရှုံးလုနီးပါးပဲ၊ပြီးတော့နောက်ဆုံးအနေနဲ့၊အဓိကဇာတ်‌ဆောင်က အဆိပ်လက်ဖက်ရည်မပေးခင် ထောင်ထဲမှာထောင်ချခံထားရသေးတယ်။

ပိုင်စုရှင်းကို သူ့အကြံအစည်တွေထက်မြက်လွန်းလို့ ဒါမှမဟုတ်မယုံနိုင်လောက်အောင်မိုက်မဲခဲ့ပြီးသူ့ဘဝကို တစ်ချိန်လုံးလောင်းကြေးထပ်နေရလို့ ပဲသနားရမလားတောင်မသိတော့ပါဘူး။

ဘာလို့သူ့ဘ၀ကိုကစားရတာ အရမ်းကြိုက်တာလဲ?သူမက အရူးပဲ!ပိုင်စုရှင်းက ကြောင်တစ်ကောင်ဆိုရင် သူမဟာသူမရဲ့ကိုးဘဝလုံးလုံးကို အသုံးချခံနေရမှာအမှန်ပဲ။

"နန်းဘုရင်?"အဓိကဇာတ်ဆောင်?

"ဟုတ်ပါတယ်,သခင်မလေး၊မင်းသားကသခင်မလေးကို ကယ်ခဲ့တာပါ"

"ဘာလို့သူလဲ.. ရားးး....အား!"သူမစိတ်ထဲပေါက်ကွဲနေတော့သည်၊သူမထပ်မေးချင်ပေမယ့် ကျင်းအာက သူမကိုစိတ်အနှောင့်အယှက်ဖြစ်စေမယ့် အဖြေတစ်ခုပေးမှာကိုကြောက်နေသည်၊မဖြစ်နိုင်သောသံသယတစ်ခုကိုစဉ်းစားရင်း ဝိဉာဉ်လွင့်မသွားစေရန်ထိန်းထားလိုက်သည်။

ကျင်းအာက သူမကိုစိုက်ကြည့်ရင်းသတိထားမိကာ"သခင်မလေး ဘာမှစိတ်မပူနဲ့သိလား၊ဒီတစ်ခါတော့ နန်းဘုရင်ကသခင်မလေးကိုကယ်ဖို့ မတွန့်ဆုတ်ဘဲရေထဲချက်ချင်းခုန်ချခဲ့တာ,ရေကူးတာလဲ အရမ်းမြန်တာ,လုခိုင် ထက်တောင် ပိုမြန်တယ်"

လီဟန်?

"ပြီးတော့,သခင်မလေးက သူ့အပေါ်မကောင်းတာတွေလုပ်ခဲ့တာတောင်သူကကူညီပေးသေးတယ်နော် "သူမ၏သခင်မသည်လက်ဖက်ရည်ဗီလိန်မလေးဖြစ်ကြောင်း ကျင်းအာတစ်ယောက်သာသိသည်၊ပိုင်စုရှင်း ခွေးမင်းသားကို ဘယ်တုန်းကမှ မစိုးရိမ်ခဲ့ဘူးဆိုတာလည်းကျင်းအာသိသည်ဖြစ်၏။

"နန်းဘုရင်ကလေ သခင်မလေးကိုစိတ်ဆိုးနေတယ်လို့ထင်ထားတာ,ဒါပေမယ့် အဲ့နေ့ကဖြစ်ပျက်ပြီးတဲ့နောက်သူ့ကို မကြောက်တော့ဘူးလို့ ဆုံးဖြတ်လိုက်ပြီဘာဖြစ်လို့လဲဆိုတော့နန်းဘုရင်က သခင်မလေးကိုဘယ်တော့မှ လက်တုံ့ပြန်မှာမဟုတ်ဘူးဆိုတာသေချာသိသွားလို့ပဲ၊သူကသခင်မလေးကို အရမ်းဂရုစိုက်တာအသိသာကြီး။သခင်မလေးကို ချီသွားတုန်းကဆို အို!သခင်မလေးကို ပွေ့ဖက်ထားလိုက်ပုံက ဘုရားရေ!"

Villainess Series 1 : အဓိကဇာတ်ဆောင်အားအနိုင်ကျင့်ခြင်းTahanan ng mga kuwento. Tumuklas ngayon