၁၅..သူရဲကောင်း

Start from the beginning
                                    

သူ့လက်တစ်ဖက်က လည်ပင်းကိုကိုင်ကာ ကျန်တစ်ဖက်ကခါးကိုဖက်၍:သူ့နှုတ်ခမ်းတွေနဲ့ ပိုအားတွန်းအားပေးလိုက်သည့်အခါ နောက်ဆုံးတော့သူမပါးစပ်ပွင့်သွားသည်၊ထို့နောက်သူ့လျှာကသူမပါးစပ်ထဲသို့ တည့်တည့်တိုးဝင်သွားပြီးသူမအဆုတ်ထဲသို့ လေများမှုတ်သွင်းလိုက်သည်။

'ဒါက..ရှေးခေတ်ရေအောက်အနမ်း ပဲ!!!'-__-

အဲ့ဒီနောက်ဘာဖြစ်သွားလဲမသိတော့ပါ,သူမတစ်ကယ်သတိလစ်သွားတော့၏။

"သခင်မလေး"

ကျင်းအာက သူမလက်ကိုကိုင်ကာထဖို့ကူညီပေးလိုက်သည်၊သူမအခန်းပတ်ပတ်လည် ဝေ့ကြည့်လိုက်သည်၊အထိတ်တလန့်ဖြစ်သွားတာကြောင့်ဘာမှမမှတ်မိသေးပါ၊ဒီအခန်းထဲကအရာတွေက စျေးကြီးပြီးလက်ရာလည်းမြောက်တယ်, ပန်းအိုး၊ပန်းချီကား‌တွေနဲ့ အိပ်ရာရောပဲ၊
ဒီနေရာက ကျီရှင်း‌နန်းဆောင်ဖြစ်လောက်မယ်။

"ငါဘယ်ရောက်နေတာလဲ?ဒီ...ဒီနေရာက.."

ဝတ္ထုထဲတွင် ဤအဖြစ်အပျက်ကြောင့် နန်းတွင်းအမတ်ကြီးများနှင့်အခြားမှူးမတ်များသည် အင်ပါယာအတွင်းသို့ ထိုမိန်းကလေးအားခေါ်ဆောင်လာသည့်အတွက် စတုတ္ထမင်းသားကိုမကျေမနပ်ဖြစ်ခဲ့ကြသည်၊ယခုတော့ မျိုးရိုးမြင့်မိန်းကလေးတစ်ဦးအား ထိုအကျဥ်းသားမင်းသမီးကနာကျင်စေသောကြောင့် မှူးမတ်များကဤမတရားမှုကို‌ ဒေါသဖြစ်ခဲ့ကြသည်။

ထို့ကြောင့် အဓိကဇာတ်ဆောင်သည်ချူ၀မ်၀မ်ကို အပြစ်ပေးရုံမှတပါးရွေးချယ်စရာမရှိခဲ့ပေ၊အလုပ်ကြမ်းလုပ်ရန် သူမကို ကျင်းလင် သတ္ထုတွင်းသို့ ပို့လိုက်ရမည်ဖြစ်သည်။

လီဟန်က သူအကာကွယ်ပေးချင်တဲ့ အမျိုးသမီးကိုပျောက်ကွယ်သွားအောင်လုပ်လိုက်တယ့် သူမအစီအစဥ်ကိုသိပြီးသားဖြစ်သည်။

"ကျွန်မတို့ကအခု ယုံရှု နန်းဆောင်မှာပါ,သခင်မလေး၊နန်းဘုရင်ကဒီမတော်တဆမှုကြောင့် သခင်မလေးကိုစိတ်ပူပြီးဒီမှာပဲ ခေတ္တနားနေဖို့တောင်းဆိုထားတာပါ, ပြီးတော့ ဧကရာဇ်ကလည်း သဘောတူပါတယ်"ကျင်းအာက ပြုံးလျက်ဖြေလိုက်သည်။

ဝတ္ထုထဲမှာအဓိကဇာတ်ကောင်တွေသာ အခက်အခဲဆုံးဘ၀လို့ဘယ်သူပြောလဲ?ငါ,ဒီလက်ဖက်ရည်ဗီလိန်မဘ၀ကသာ စိတ်သောကအရောက်ရဆုံးပါ။

Villainess Series 1 : အဓိကဇာတ်ဆောင်အားအနိုင်ကျင့်ခြင်းWhere stories live. Discover now