𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟷𝟻《တွက်ချက်မှုများမအောင်မြင်ခဲ့》

Start from the beginning
                                    

"ဒါပေမယ့် မင်းအဖိုးက ဆုံးသွားပြီလေ ..."

စုရွေ့ကျယ်သည် မျက်တောင်ခတ်လိုက်ပြီး သူ့သေဆုံးမှုနှင့် သူဘဏ်ကတ်ကြား ဘယ်လိုဆက်ဆံရေးမျိုးမှန်း မသိခဲ့ပေ။ မည်သို့ပင်ဖြစ်စေ သူ အတားအဆီးမရှိ ငွေသွင်း ငွေထုတ်ခြင်းများကို ATM တွင် သုံးခဲ့သည်။

"အရူးလေး "

စုရွေ့ကျယ်သည် လူမှုရေးအတွေ့အကြုံမရှိခြင်းမှ ဆုံးရှုံးမှု ကြုံရသည်ကို သိလိုက်ပြီး ကျန့်ယွင် သက်ပြင်းမချပဲမနေနိုင်တော့ကာ သူ့ခေါင်းလေးအားထိလိုက်သည်။

အဖိုးရဲ့ကတ်သည် မင်းငွေသွင်းငွေထုတ်တာကို စက်မှာအသုံးပြုလျှင်တောင် ပြဿနာတစ်ခုမဟုတ်‌ပေမယ့် အကယ်၍ ကောင်တာမှာ အသုံးပြုမယ်ဆိုရင်တော့ ပြဿနာကြီးကြီးကြုံရလိမ့်မည်။ မင်းက မင်းရဲ့မှတ်ပုံတင်ကတ်ကိုအသုံးပြုရမည်ဖြစ်ပြီးတော့ အဖိုးစု၏မှတ်ပုံတင်ကတ်သည် အမျိုးသားလုံခြုံရေးအဖွဲ့၏ ပြန်သိမ်းသွားခြင်းခံခဲ့ရပြီးဖြစ်သည်။

အကယ်၍ စုရွေ့ကျယ်သာ လျော်ကြေးငွေစာချုပ်လက်မှတ်ထိုးချိန်တွင် ဖြိုဖျက်ခြင်းလျော်ကြေးငွေအား အဖိုးစု၏ကတ်ထဲသို့ပို့‌ပေးရန် ပေးလိုက်ပါက ချန်ဟွေ့ကျန်းသည် အဖိုးစုဆုံးပါးသွားပြီဖြစ်ကြောင်းထောက်ပြလာနိုင်ပြီး ဖွံ့ဖြိုးတိုးတက်ရေးလုပ်ဆောင်သူများသည် သေချာပေါက်ပင် ပိုက်ဆံအားထိုကတ်ထဲသို့လွှဲပေးလိမ့်မည်မဟုတ်ပေ။

စုရွေ့ကျယ်သည် သူကိုယ်တိုင်အတွက်မူ အသက်ဆယ့်ရှစ်နှစ်မပြည့်သေးပေ။ စုရွေ့ကျယ် ဘဏ်ကတ်တစ်ခုရရန် တရား၀င်အုပ်ထိန်းသူက လိုက်ပါပေးရမည်ဖြစ်သည်။ စုရွေ့ကျယ်၏ လက်ရှိ တရား၀င်အုပ်ထိန်းသူသည် သူ့မိခင်ဖြစ်သည်။ သူ့မိခင်သည် အခြားသူများနှင့်ထွက်ပြေးသွားခဲ့ပြီး နှစ်ပေါင်းများစွာပြန်လာခဲ့ခြင်းမရှိသော်လည်း အဖိုးစုသည် မိသားစုပြဿနာများကိုရှောင်ရှားလိုသည့်စိတ်ဆန္ဒကြောင့် မည်သူတစ်ဦးတစ်ယောက်ကိုမျှထိုအကြောင်းမပြောခဲ့ပေ။ အဆုံးမှာတော့ သူမ မသေဆုံးသေးပေ။ ဥပဒေအရဆိုလျှင် သူမသည် သူ၏တရား၀င်အုပ်ထိန်းသူဖြစ်နေဆဲပင်။

My Cherry Will Explode in the Apocalypse 《Myanmar Translation》Where stories live. Discover now