Thingyan Extra (U+Z)

Beginne am Anfang
                                    

ဆံညိုရှည်လေးနှင့်ကလေးမလေးသည်လည်း သူ၏ဆံပင်ရှည်လေးအား အရှေ့အနောက်အားကုန်လွှဲကာ Rocker များသဖွယ်ပြုမူ၏။ ကလေးမလေး၏အစ်ကို ကလေးမလေးအခေါ် "တိုတိုဘုန်း" သည်လည်း သူ၏လက်ညှိုးလေးနှစ်ချောင်းအား သူငယ်တော်များကသလို ခပ်မြန်မြန်လှုပ်ရှားရင်းကလျက်ရှိ၏။

ထိုကလေးနှစ်ယောက်ကိုချီပြီး အရူးအမူးကနေသူမှာ ကလေးတို့၏ ဖေကြီး ဦးအောင်ဘုန်းဟန်တည်း။

သို့ဆိုသော် မိုက်ခ်ကိုင်ထားပြီးပုဆိုးတိုတိုဝတ်ထားသူမှာ မည်သူနည်း။

ထိုစဥ် အိမ်ရှေ့တံခါးဝတွင်ယောဂီဝတ်စုံဝတ်ထားသော အမျိုးသမီးတစ်ယောက်သည် ဧည့်ခန်းထဲမှမြင်ကွင်းအား ရင်ဘက်ကလေးဖိကာပါးစပ်အဟောင်းသားဖြင့်ငေးကြည့်နေရှာ၏။

သီချင်းနောက်တစ်ပိုဒ်မစမီတီးလုံးသံတိုးသွားချိန်...

"အမလေး ကိုမြတ်ဟန် !! "

"အယ် မေ..."

မိုက်ခ်ကိုင်ထားသော ဦးမြတ်ဟန် မိမိနောက်ပါးဆီမှထွက်လာသောအသံလေးကြောင့် လှည့်ကြည့်လိုက်ကာမိုက်ခ်ကိုင်ထားရင်းတန်းလန်းဖြင့်ထူးလိုက်ခြင်းဖြစ်သည်။

"ဖွားဖွား"

"ဖေဖေ"

"အဟီးးး...ချမ်း "

ကလေးနှစ်ယောက်သည် သူတို့ဖေကြီးလက်ပေါ်မှဆင်းကာ ဖေဖေဖြစ်သူထံပြေးသွားပြီး ခြေထောက်တွေကိုတစ်ယောက်တစ်ဖက်စီတွဲခိုထားကြပြန်သည်။ အဆူခံရတော့မည့်အရေးကြိုမြင်၍ လာရောက်ကပ်ဖားရပ်ဖားလုပ်နေသည်ဆိုလည်းမမှား။

သင်္ကြန်အကြိုနေ့မို့ ဖွားမှုံနှင့်မိခင်ဖြစ်သူတို့ ဥပုသ်သီလယူနိုင်ရန်အတွက် ချမ်း,တစ်ယောက်ဘုန်းကြီးကျောင်းလိုက်ပို့ခြင်း။ သူတို့ဘုန်းကြီးကျောင်းသွားမည့်အချိန် ကလေးတွေနှင့်
သူ၏အိမ်ဦးနတ်ကမနိုး‌သေး၍ချမ်း,တစ်ယောက်တည်းသာ ကားမောင်းလိုက်ပို့ရ၏။ အဖေကတော့ဗိုက်အောင့်သည်ဟုဆိုကာ အိမ်မှာကျန်နေခဲ့ခြင်းဖြစ်သည်။

ဘုန်းကြီးကျောင်းရောက်တော့ ဥပုသ်သီလယူပြီးခါမှ မေမေတစ်ယောက်ခေါင်းထဲရိုးတိုးရိပ်တိပ်ဖြစ်လာသည်ဆိုသောကြောင့် အိမ်မှာဘဲသက်သောင့်သက်သာသီလဆောက်တည်နိုင်ရန် ပြန်ခေါ်ခဲ့ရ၏။ ဖွားမှုံကတော့ဘုန်းကြီးကျောင်းတွင်ပင်ကျန်ရစ်ခဲ့သည်။

ဘုန်းပြည့်ချမ်းဟန် (Complete)Wo Geschichten leben. Entdecke jetzt