၈..ငန်းမလေး နှင့် ဘဲမလေး

Start from the beginning
                                    

ရုတ်တရက်ကြီးအရာအားလုံးဆုံးရှုံးသွားခဲ့တယ်၊ကျွန်မအမေ၊မိသားစု၊သူငယ်ချင်း၊ပြီးတော့ကျွန်မရဲ့ပျင်းစရာကောင်းတယ့် ဘ၀လေး။

'အဲ့ဒီကောင်စုတ် ပြောတာကိုဘာလို့နားထောင်မိခဲ့ပါလိမ့်?အဲ့ဒီ၀တ္ထုစုတ်ကိုရောဘာလို့ဖတ်ခဲ့မိပါလိမ်?အိမ်ပြန်ရောက်မှ အဲ့ဒီကောင်စုတ်ဖင်ကိုပိတ်ကိုကန်ပစ်အုန်းမယ်,ကောင်စုတ်တော့'

ဘာသတိပေးခြင်းမှလဲမရှိဘဲနဲ့,ဒီ၀တ္ထုထဲကိုဝိညဉ်ကူးပြောင်းလာတော့တာပဲ၊စာရေးဆရာကလည်း အဓိကဇာတ်ဆောင်သာမဟုတ်ရင်အကုန်ရှင်းလင်းပစ်ထားသူဖြစ်တယ်၊နောက်ဆုံးမှာ အဓိကဇာတ်ဆောင်တွေကသာလျှင် ထာ၀ရပျော်ရွှင် သွားနိုင်မယ့်သူတွေဖြစ်တယ်။

"ငါအဆင်ပြေပါတယ်,ကျင်းအာ"သူမကိုစိတ်မပူစေဖို့ပြောလိုက်သည်။

ကျင်းအာကသူမပြောတာကိုမယုံ၊ဒီကောင်မလေးကသူမထက်ငယ်ပေမယ့် အမေတစ်ယောက်လိုပင်စိစစ်တတ်သည်၊သူမလေးကို တစ်ကယ်မနိုင်တော့ပါ။

"အဲ့လိုထပ်မလုပ်ပါနဲ့တော့,သခင်မလေးကိုဘယ်နှစ်ခါရှိပြီလဲ ကျင်းအာပြောထားတာ၊လမ်းလျှောက်ချင်တာပဲဖြစ်ဖြစ် အပြင်သွားချင်တာပဲဖြစ် လုခိုင်ဒါမှ‌မဟုတ်ကျွန်မကိုခေါ်ပါဆို,တစ်ယောက်ထဲတွေထွက်ထွက်မသွားပါနဲ့သခင်မလေးရယ်, အန္တာရယ်များလို့ပါ"

ကျင်းအာမလိုအပ်တယ့် စိုးရိမ်မှုတွေဘယ်ကရလာလဲဆိုတာ သူမသိသည်။

ဘာလို့လဲဆိုတော့ လွန်ခဲ့တဲ့ငါးနှစ်လောက်ကဒီထူးဆန်းတဲ့ကမ္ဘာမှာသူမနိုးလာတော့ အလွန်ကြောက်လန့်ပြီးလက်ရှိကမ္ဘာကိုပြန်သွားဖို့သာတွေးတောနေခဲ့သည်၊အရမ်းစိတ်ပျက်လွန်းလို့ အသက်ဆုံးရှုံးရမှာတောင် ဂရုမစိုက်ခဲ့ပေ။သူမကမ္ဘာကိုပြန်ရောက်ဖို့ လက်ရှိတွင်သေသာသေချင်ခဲ့သည်။

*ငါးနှစ်က အခုကသုံးနှစ်ကြာသွားပြီဆိုတော့ရှေ့နှစ်နှစ်နဲ့ပေါင်းတော့ ငါးနှစ်လို့ပြောတာပါ,ကိုယ်တော့ဒီနေရာနည်းနည်းလည်သွားတယ်🥴

"သခင်မလေးက တစ်နေ့မှာပျောက်ကွယ်သွားတော့မလို ပုံစံကြီးလုပ်နေရတာလဲ?ကျေးဇူးပြုပြီ သခင်မလေး,အဲ့လိုထပ်မလုပ်ပါနဲ့,အဲ့လိုသာဆို ကျွန်မတစ်ကယ်ကို.."ကျင်းအာရင်ထဲစို့နင့်သွား၍ဆက်မပြောနိုင်တော့ပေ။

Villainess Series 1 : အဓိကဇာတ်ဆောင်အားအနိုင်ကျင့်ခြင်းWhere stories live. Discover now