Chapter(53-2) - မျက်နှာမရှိ

Start from the beginning
                                    

အချစ်ရေးနဲ့ပတ်သက်လာရင် သူက လေးနက်ပြီး သဘောထား တစ်ခုပဲ ရှိတတ်တဲ့သူမျိုး။ တစ်စုံတစ်ယောက်ကို ချစ်မိတဲ့အခါ၊ အဲဒီ့လူကို စိတ်နှလုံးအကြွင်းမဲ့ သဘောကျနေလိမ့်မယ်။ ရလဒ်က ဘယ်လောက်ပဲ မသေချာနေပါစေ သူလည်း အရှုံးမပေးဘူး။

မြင်ကွင်းက ဟန်ဆောင်နေခြင်းမျိုးမရှိ။ ထိုကျဉ်းမြောင်းပြီး တားမြစ်ခံထားရတဲ့ အခန်းထဲမှာ လူနှစ်ယောက်က အတူတူ ရှိနေမည့် ဘဝတစ်ခုအကြောင်းအား ရိုးရှင်းစွာ မေးမြန်းနေပြီး သူတို့ရဲ့ ရည်ရွယ်ချက်များကို စေ့စေ့စပ်စပ် ပြောဆိုနေခြင်း တစ်ခုတည်းသာ။ 

စကားလုံးများမပါ ပါဘဲ သူတို့ကြားမှာ နူးညံ့သိမ်မွေ့မှုတစ်ခုက တိတ်တဆိတ် တည်ရှိနေခဲ့သည်။ စာချုပ်ဖြင့် ချိတ်ဆက်ထားသည့် တူညီသော ပျော်ရွှင်မှုသည် အတူတကွ ပေါင်းစည်းသွားခဲ့ကာ ချက်ချင်းပင် အဆပေါင်းများစွာ ကျယ်ပြန့်လာခဲ့ရ၏။ သူတို့နှလုံးသားအတွင်းပိုင်းက ပျားရည်နဲ့ ထုပ်သိမ်းထားလို ချိုမြိန်မှုတစ်ခုက အနူးညံ့ဆုံး အမွှေးလေးနဲ့ ကလိထိုးနေသလိုမျိုး ကလိကလိ ဖြစ်နေစေသည်။

ရှန်ကျစ်ရှန်းက ရန်ကျင်းရဲ့လက်အား ဆုပ်ကိုင်ထားပြီး ခေါင်းငုံ့ထားရင်းဖြင့်ပင် သူ့လက်ချောင်းများအား အမှတ်တမဲ့ ကစားနေမိ၏။ ခဏတာ ကစားလို့ ပြီးသည့်နောက်မှာ ရန်ကျင်းရဲ့ အမေးစကားကို ကြားလိုက်ရသည်။

"အဲ့ဒီတာအို အဖော်အခန်းအနားက......ဘယ်လိုမျိုး အလုပ်လုပ်တာလဲ?"

"ကောင်းကင်နဲ့ ကမ္ဘာမြေကြီးကို အမွှေးတိုင်နဲ့ ပူဇော်ပြီး တစ်သက်စာ ကတိကဝတ်ပြုတာ"

ရှန်ကျစ်ရှန်းက ထိုအကြောင်းကို သိပ်မတွေးပဲ တာအိုအဖော်အခန်းအနားရဲ့ ပုံစံကို ပြန်စဉ်းစားဖို့ ရိုးရှင်းစွာ ကြိုးစားနေသည်။ သူက ပေါ့ပေါ့ပါးပါး ထပ်ပေါင်းပြောလိုက်လေသည်။

"အဲ့ဒီလိုမျိုး ဖြစ်ကောင်းဖြစ်နိုင်မလား? ငါလည်း သိပ်မရှင်းဘူး"

ထိုစကားကိုကြားတော့ ရန်ကျင်းက ရပ်တန့်သွားသည်။ ရှန်ကျစ်ရှန်းက သူ့ကို နားလည်တာကြောင့် ချက်ချင်းပင် တုံ့ပြန်လာသည်

(Completed) ဆရာဖြစ်ရတာမလွယ်ဘူး (ဆရာျဖစ္ရတာမလြယ္ဘူး)Where stories live. Discover now