"ငါလိုက်ခဲ့  မယ်လေ  "

"နေခဲ့ပါ ရတယ်ငါတစ်ယောက်ထဲသွားမယ်"

"ဖြစ်ရဲ့လားဟ"

"ဖြစ်ပါတယ် "

သူမလဲ  toilet လို့  ညွှန်ပြထားတာမို့  မလိုက်ခိုင်းတော့ပဲ ထလာလိုက်သည်။ထိုင်နေတုန်းက အကောင်း ထလိုက်မှ လူကနည်းနည်းရိုင်
သွားပြီး  ရီဝေဝေမျက်လုံးကို ပြူးကာ မနည်းလျှောက်လာရင်  toilet ဟုထင်ထားသော အခန်းကို ဆွဲဖွင့်ကာ  ဝင်လိုက်သည်။

မဟာတစ်ယောက် သူရဲ့သီးသန့့် အခန်းထဲကဆိုဖာပေါ်မှာ ဆေးရှုရင်း  မိန်းနေတုန်း တံခါးဖွင့် ဝင်လာသော  အရိပ်လေးကြောင့် ရီဝေနေတဲ့  သူမျက်လုံးကို  ပွတ်ကြည့်လိုက်တော့
မိန်းကလေးတစ်ယောက်ဖြစ်နေတာမို့  မလာဖို့ ပြောမယ်လုပ်တုန်းသူကိုမမြင်ပဲ    အခန်းထဲဝင်လာတာမို့ ဆဲွထုတ်မယ်ဆိုပြီး သူမလက်ကိုကိုင်ကာ စောင့်ဆွဲလိုက်တော့
သူမကိုယ်လုံးလေးက သူပေါ်ပိလာကာ သူပေါင်ပေါ်သို့  နွေးအိနေသော ကိုယ်လုံးလေးကြောင့် သူတစ်ချက်ကြောင်သွားရင်  သူနားခေါင်းနားက သူမလည်တိုင်နဲ့ထိမိတဲ့ခန မွှေးပျံ့သော ကိုယ်သင်းရနံ့ကြောင့် သူစိတ်တွေ ဆာလောင်လာသည်။မဟာ သူနဲ့စိတ်လွတ်သွားကာ  သူမလည်တိုင်လေးကို နမ်းရှိုက်လိုက်တော့  ထွက်လာသော အသံလေးကြောင့် သူမမျက်နှာလေးကို မော့ကာကြည့်လိုက်တော့  နီရဲသော နှုတ်ခမ်းလေးကိုမော့ကာ နမ်းလိုက်မိသည်။နူးညံ့သော အထိအတွေ့ကြား  ရစ်မူးနေစဉ္ တံခါးခေါက်သံကြောင့်  သူစိတ်တွေ အသိဝင်လာပြီး သူမနုှတ်ခမ်းလေးကို လွှတ်ပေးပြီး မျက်နှာလေးရင်းနှီးနေတာမို့ သေချာ ကြည့်မိသည်။တံခါးဝက  စံလို့ခေါ်တဲ့  မမနန်းအသံကြောင့် မနက်ကမိတ်ဆက်ပေးတဲ့ မမနန်း သူငယ်ချင်းမှန်းသိလိုက်သည်။သူစိတ်ကိုထိန်းကာသူမကိုယ်လုံးလေးကို  ဆိုဖာပေါ်ချပေးလိုက်ပြီး  သူတံခါးသွားဖွင့်လိုက်သည်။

"ဟင် မဟာ မောင်လေးဒီအခန်းထဲကို မိန်းကလေးတစ်ယောက်ဝင်လာသေးလား
မနက်က မမနန်းမိတ်ဆက်တဲ့ သူငယ်ချင်းလေ toilet သွားမယ်ဆိုသွားတာ  ကြာနေလို့ရှာတာမတွေ့လို့  ဒီကိုများလာသေးလား"

မောင့်ရင်မှာ အမြင့်စံ(completed)Where stories live. Discover now