အပိုင်းတစ်ဆယ့်ရှစ်။

5.6K 635 202
                                    

Unicode ✅

^အယူခံ^

စိုက်ခင်းထဲသွားပါမယ်ဆိုကာမှ အဆင်သင့်မဖြစ်သေးတဲ့ မြို့အုပ်မင်းခွန်းထယ်ကြောင့် သူ့မှာလက်ဖက်ရည်သောက်ရင်း စောင့်နေရပြန်သည်။ ခဏကြ‌ာတော့ ရေချိုးအဝတ်စားလဲပြီးကာ အခန်းထဲကထွက်လာသည့် မြို့အုပ်မင်းခွန်းထယ်။

"မြို့အုပ်မင်းကြီး ကြာလိုက်တာဗျာ"

"ကျုပ်ညကအလုပ်ကိစ္စတစ်ချို့နဲ့ မိုးချုပ်မှအိပ်မိလို့ပါဗျာ"

"အင်းပါ အနွေးထည်ဝတ်ဦး ရော့"

သံ၌ချိတ်ထားသည့် လောင်းကုဒ်အနွေးထည်အားယူလိုက်ပြီး မြို့အုပ်မင်းခွန်းထယ်ဆီ ကမ်းပေးလိုက်တော့ အိတ်ထဲကထွက်လာကျသည့် ဗူးလေးတစ်ဗူး။

မြို့အုပ်မင်းခွန်းထယ်ကတော့ သတိထားမိပုံမပေါ်။ မှန်အားကြည့်ရင်း ဆံနွယ်တွေအား သပ်တင်နေလေ၏။ ဒါကြောင့်သူလည်း သိချင်စိတ်လေးကြောင့် ဗူးလေးအားယူလိုက်ကာ အသာလေးဖွင့်ကြည့်လိုက်တော့ ဆင်တူလက်စွပ်လေးနှစ်ကွင်းထွက်လာသည်။

"ဟင်...လက်စွပ်လေးတွေ"

ဂျွန်ဧဒင်စကားသံကြောင့် ရုတ်ချည် ဂျွန်ဧဒင်အနား ရောက်ချလာသည့် မြို့အုပ်မင်းခွန်းထယ်။

"မြို့အုပ်မင်းကြီး လက်စွပ်လေးတွေကလှလိုက်တာ ဘယ်သူ့အတွက်လဲဗျ"

ဂျွန်ဧဒင်က သဘောရိုးနဲ့မေးလိုက်ပေမဲ့ ဂျွန်ဧဒင်လက်ထဲကလက်စွပ်ဗူးအား အသည်းအသန်ယူလိုက်တဲ့ မြို့အုပ်မင်းခွန်းထယ်မှာ မျက်နှာသည်လည်းပျက်ယွင်းလို့။

ပျက်ယွင်းနေသည့် မျက်နှာနဲ့အတူ လက်စွပ်ဗူးလေးအား အိတ်ကပ်ထဲ ပြန်ထည့်လိုက်တဲ့ မြို့အုပ်မင်းခွန်းထယ်အား ဂျွန်ဧဒင်ခပ်ငြိမ်ငြိမ်လေး စိုက်ကြည့်နေသည်။

ဘယ်သူ့အတွက်မို့လို့ မျက်နှာထားပျက်ယွင်းနေရသလဲ သူသိချင်မိသည်။ သို့သော် သူမေးလိုက်လို့  မြို့အုပ်မင်းခွန်းထယ် အနေခက်သွားမှာကို စိုးထိတ်မိသလို မြို့အုပ်မင်းခွန်းထယ်ကို သူ့အပြည့်အဝယုံကြည်သည်။

တစ်ဖက်မှာလည်း သူမေးလိုက်လို့ သူမကြားချင်တဲ့အဖြေမျိုးအား မြို့အုပ်မင်းခွန်းထယ်၏ နှုတ်ဖျားကနေ ထွက်ကျလာမှာကိုတွေးရင်း စိုးထိတ်မိပြန်သည်။

"အယူခံ" [𝖢𝗈𝗆𝗉𝗅𝖾𝗍𝖾]Opowieści tętniące życiem. Odkryj je teraz